Connect with us

Media

တရုတ်နိုင်ငံကွေ့ကျိုးပြည်နယ်တွင် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကျင်းပခဲ့

ကွေ့ယန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ပြည်နယ် ၉ ခု မှ မီးသတ်ဝန်ထမ်းပေါင်း ၂၀၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များ၏ ခွန်အား နှင့် စွမ်းရည် စမ်းသပ်စစ်ဆေးရသည့် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲများကို ကွေ့ကျိုးပြည်နယ်တွင် ယခု သီတင်းပတ်အစောပိုင်းက ကျင်းပခဲ့သည်။

Jinjiang မြစ်ပေါ်၌ကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်း၊ Zhusha မြို့ဟောင်း အပန်းဖြေဥယျာဉ်တွင် ကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်း၊ မီးသတ်ဝန်ထမ်းများက အလေးချိန် ၁၅ ကီလိုဂရမ်ရှိ ကျောပိုးအိတ်များကိုယ်စီလွယ်ကာ Fanjingshan တောင်ပေါ်သို့ ခြေလှမ်းပေါင်း ၈,၀၀၀ကျော် တက်ရောက်ရခြင်း စသဖြင့်ကယ်ဆယ်ရေးစွမ်းရည်များအား သရုပ်ပြသလေ့ကျင့်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကယ်ဆယ်ရေးအဖွဲ့များ ၏ ကယ်ဆယ်ရေးစွမ်းရည်များ တိုးတက်ကောင်းမွန်စေရန်ဖြစ်ကြောင်းသိရသည်။ (Xinhua)

………………………
(English Version)
GLOBALink | Stunning rescue drills held in Guizhou, China
GUIYANG, July 31 (XINHUA) — A test of strength and skills: More than 200 firefighters from various provinces of China joined rescue drills in Guizhou.

Produced by Xinhua Global Service