Connect with us

Media

တရုတ်နိုင်ငံ၌ ဆရာဝန်တစ်ဦးဖြစ်လာသူ မြန်မာနိုင်ငံသား ‌ဒေါက်တာ ကောင်းမြတ်ကျော်

ကွမ်ရှီး၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးဆေးပညာတက္ကသိုလ်တွင် ၁၀ နှစ်ကြာ ပညာသင်ယူပြီးနောက် မြန်မာနိုင်ငံသား ‌ဒေါက်တာ ကောင်းမြတ်ကျော်သည် သူ၏ ငယ်စဉ်ဘဝ အိပ်မက်တစ်ခုဖြစ်သည့် ဆရာဝန်တစ်ဦးအဖြစ် တရုတ်နိုင်ငံ၌ စတင်လုပ်ကိုင်နေပြီဖြစ်သည်။

ကွမ်ရှီးဆေးပညာတက္ကသိုလ် မှ မြန်မာကျောင်းသား ကောင်းမြတ်ကျော် က “ ဟဲလို ကျွန်တော် ကတော့ မြန်မာနိုင်ငံကလာတဲ့ ကောင်းမြတ်ကျော်ပါ။ ကျွန်တော်အခု ကွမ်ရှီးဆေးဘက်ဆိုင်ရာတက္ကသိုလ်မှာပညာလေ့လာသင်ယူနေပါတယ်၊ အခုလက်ရှိ ခွဲစိတ်အထူးကု မာစတာတန်းကို တက်ရောက်နေပါတယ်။ ကျွန်တော် က တရုတ်နိုင်ငံကို လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၁ ခုနှစ်မှာ ပထမဆုံး ရောက်လာခဲ့ပါတယ်၊ ကျွန်တော်ဟာ ကလေးဘဝ ကတည်းက ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ၊ ကျွန်တော်ဒီကိုရောက်တော့ တရုတ်လူမျိုးသူငယ်ချင်းတွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီး မိတ်ဆွေတွေရရှိခဲ့ပါတယ်၊ ကျွန်တော်တို့တွေအားလုံးဟာမိသားစုတစ်ခုလိုပါပဲ၊ နွေးနွေးထွေးထွေးလည်းရှိပါတယ်၊ နယ်ပယ်စုံ ကဏ္ဍစုံမှာ တိုးတက်ကြီးပွားလာဖို့အတူတကွဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုရင် မိသားစု စိတ်ဓါတ်က သိပ်ကိုအရေးပါတယ်လို့ကျွန်တော်တော့ထင်မြင်မိပါတယ်၊ တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရင်း အိမ်နီးချင်းနိုင်ငံတွေကိုပါ အတူဖွံ့ဖြိုးတိုးတက်စေနိုင်တာသိပ်ကို ကောင်းမွန်ပါတယ်၊ ကျောင်းလည်းပြီးရော ကျွန်တော် တရုတ်ပြည်မှာပဲ အလုပ်လုပ်ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော့်မှာ အခွင့်အရေးရှိမယ်ဆိုရင် နှစ် နိုင်ငံအကြား ဆေးပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ တာဝန်ထမ်းဆောင်ချင်ပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးလိုပြီး တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ခံစားချက်တွေကိုပြောပြပေးလိုပါတယ်၊” ဟုဆိုသည်။ (Xinhua)

………………………..
(English Version)
GLOBALink | Myanmar student dreams of becoming doctor in China
Kaung Myat Kyaw, from Myanmar, has studied in China for ten years. Having dreamt of becoming a doctor since childhood, he plans to stay and work in China after graduation.