Connect with us

Media

ရေကူးကန်မှ ရေခဲပြင်သို့ အလဲ အလှယ် ပြောင်းလဲအသုံးပြုနိုင်ရန်လုပ်ဆောင်သည့်နည်းစနစ်များ

ဟာအယ်ပင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
လာမည့် ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွင်း (water cube ) ဟုအမည်ရသည့် အမျိုးသားအဏ္ဏဝါစင်တာ ၏ ရေကူးပြိုင်ပွဲကျင်းပမည့် ရေကူးကန်အား curling ပြိုင်ပွဲခေါ် (ရေခဲပြင်ပေါ်ကျောက်ပြားဝိုင်းပစ်ပြိုင်ပွဲ) ကျင်းပမည့် ရေခဲပြင်အဖြစ်ပြောင်းလဲရန် ဖြုတ်နိုင်တပ်နိုင်သည့် ရေခဲပြင်လမ်းကြောင်းများကိုတည်ဆောက်ထားကြောင်းသိရသည်။
ထို့ကြောင့် water cube မှ ice cube သို့ အသွင်ပြောင်းခြင်းဟု အမည်ခေါ်တွင်ခဲ့ကြသည်။
လွန်ခဲ့သည့် ၆ နှစ်ကျော်ကတည်းက ဟာအယ်ပင်း နည်းပညာတက္ကသိုလ်မှသုတေသနအဖွဲ့များစွာသည် အတူတကွ ပုံသဏ္ဍာန်အသစ်များ ဖန်တီးခြင်း၊ ကိရိယာအသစ်များဖန်တီးခြင်းနှင့် Big Data နှင့် IoTs ကဲ့သို့သော နည်းပညာများအား အသုံးပြုကာ ယခုကဲ့သို့ ပြောင်းလဲမည့်နည်းပညာအား ကြိုးပမ်းတီထွင်ခဲ့ကြခြင်းဖြစ်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးကြာမြင့်ချိန်မှာ ရက် ၂၀ အတွင်းပြီးစီးနိုင်ကြောင်းသိရသည်။
ဟာအယ်ပင်း နည်းပညာသိပ္ပံမြို့ပြအင်ဂျင်နီယာကျောင်းမှ ကျန်းဝမ်ယွမ်က
“ကျွန်တော်တို့ ဟာ လုပ်ဆောင်ပြီးခဲ့တဲ့ စမ်းသပ်မှုတွေနဲ့ တွက်ချက်မှု လေ့လာစမ်းသပ်ချက်တွေအပေါ်အခြေခံပြီးတော့ အသွင်ပြောင်းလဲဖို့ ဒီဇိုင်းပိုင်းကိုပြီးစီးခဲ့ပါပြီ။ကျွန်တော်တို့ဟာ ဒီအသွင်ပြောင်းတဲ့လုပ်ငန်းစဉ်ထဲမှာ နောက်ထပ် တပ်ဆင်တဲ့နည်းပညာကိုသုံးပြီးတော့ အလျှင်အမြန်တပ်ဆင်ပြီး ရေနဲ့ ရေခဲ ကို အပြန်အလှန် အချိန်မရွေးပြန်လည်ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်ကြည့်ရပါမယ်။ ယေဘူယျပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ တပ်ဆင်တဲ့အပိုင်းကို ရက်ပေါင်း ၁၀ ရက် ကနေ ရက် ၂၀ အတွင်း အပြီး အပြီးသတ်နိုင်ပါတယ်” ဟုဆိုသည်။

ဟာအယ်ပင်း နည်းပညာသိပ္ပံမြို့ပြအင်ဂျင်နီယာကျောင်းမှ Ding Yong က
” ရေခဲပြင်ပေါ်ကျောက်ပြားဝိုင်းပစ်ပြိုင်ပွဲ ကျင်းပမယ့် ရေခဲပြင် နေရာ ဟာ သိပ်ကိုတိကျမှုရှိဖို့လိုအပ်ပါတယ် ဒါကြောင့်ကျွန်တော်တို့က တိကျမှုရှိတဲ့ အသံလှိုင်း နဲ့ စောင့်ကြည့်ရေးစနစ်တစ်စုံကို အသုံးပြုပြီးတော့ တည်ဆောက်ခဲ့ရပါတယ်။အဲဒီစနစ်က ပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ ရေခဲပြင် တုန်ခါမှု နှင့် ပတ်ဝန်းကျင် အပူချိန်တွေအပြင် ရေခဲပြင်တစ်ခုလုံးရဲ့ ထောင့်တိုင်းကိုပါစောင့်ကြပ်စစ်ဆေးပေးတာပါ။
အဲဒီ အသံလှိုင်းစောင့်ကြည့်ရေးစနစ်မှာ ကျွန်တော်တို့ဟာ ဆွဲငင်အားရှိတဲ့ ဆင်ဆာတွေ။ ရွှေ့ပြောင်းနိုင်တဲ့ ဆင်ဆာတွေ၊ခလုတ်အဖွင့်အပိတ်လုပ်နိုင်တဲ့ဆင်ဆာတွေ နဲ့အပူချိန်တိုင်းဆင်ဆာတွေ ကိုတပ်ဆင်ရပါတယ်၊ Internet of Things နည်းပညာကိုအခြေခံထားတာဖြစ်လို့ ကျွန်တော်တို့ဟာ ခန်းမရဲ့ ကြံ့ခိုင်မှုကိုစောင့်ကြည့်နိုင်တဲ့ စင်္ကြံတစ်ခုကိုပါတည်ထောင်ထားနိုင်ခဲ့ပါတယ်” ဟုဆိုသည်။
ဟာအယ်ပင်း နည်းပညာသိပ္ပံ ဗိသုကာပညာကျောင်းမှ လွီရှီလျန်းဆိုသူက ” ရေခဲတွေက နေပူရင်အရည်ပျော်ကုန်တာလေ၊ Water cube အဆောက်အဦရဲ့မူလတုန်းက တည်ဆောက်ထားတဲ့ ကိရိယာတွေက သိပ်ကို ထိုးဖောက်မြင်နိုင်စွမ်းရှိတာတွေပါဝင်ပါတယ်၊ ဒီတော့ကျွန်တော်တို့လုပ်ဖို့လိုတာက နည်းပညာသစ်တစ်ခုကို အသုံးပြုပြီး ကိရိယာအသစ်တစ်မျိုးနဲ့ ခန်းမ ရဲ့ အဓိက ကျတဲ့ နေရာထဲကို အလင်းရဲ့အရိပ်ကျဖို့လုပ်ဆောင်ထားတာပါ၊ အဓိက ရည်ရွယ်ချက်ကတော့ ရေခဲတွေကို ခဲနေအောင်ထားဖို့ပါပဲ သူ့ရဲ့လုပ်ဆောင်ချက်က လိုက်ကာတစ်ခုလိုပေါ့ ခန်းမကို မြင့်မားတဲ့ အပူချိန်နဲ့ စိုထိုင်းမှုအမြင့်ဆုံး အနေအထားကနေ အပူချိန်အနိမ့်ဆုံးစိုထိုင်းမှုအနိမ့်ဆုံးရောက်အောင်လုပ်ရမှာပါ။ Water Cube ရဲ့ အပြင်ဘက် နံရံ ကို ပူဖောင်းသဏ္ဍာန်အမျိုးမျိုးကိုရာနှင့်ချီအောင်ဖန်တီးထားတာပါ ၊ ကျွန်တော်တို့ သံမဏိ ဘောင်တွေကို အဲဒီ ပူဖောင်းတွေနဲ့ အရွယ်အစားတစ်ခုထဲဖြစ်အောင် လုပ်ဆောင်ခဲ့ပြီးတော့ အမြှေးပါးလေးတွေနဲ့ပေါင်းစပ်ပြီး အရိပ်လိုက်ကာတစ်ခုအဖြစ် ဖန်တီးထားတာပါ၊ ကျွန်တော်တို့ အဲဒီဟာကို အလွယ်ကူအဆင်အပြေဆုံးနည်းနဲ့ မူလက ပူဖောင်းလေးတွေပေါ်မှာတင်လိုက်ပြီးတော့ ရိုးရှင်းတဲ့လုပ်ငန်းတစ်ခုလုပ်ဆောင်ခဲ့တာပါ၊ ကျွန်တော်တို့ရဲ့တွက်ချက်မှုတွေအရဆိုရင် အဲဒီလိုဖန်တီးခဲ့ခြင်းက စွမ်းအင်သုံးစွဲမှု စုစုပေါင်း ၃၀ ရာခိုင်နှုန်းကိုသက်သာစေပါတယ်။”ဟုဆိုသည်။(Xinhua)

……………………………………
(English Version)
GLOBALink | Technologies used in transforming “Water Cube” into “Ice Cube”
HARBIN, Jan. 9 (Xinhua) — During the upcoming 2022 Beijing Winter Olympics, the National Aquatics Center, known as the “Water Cube,” will build detachable curling tracks on the swimming pool to host curling events.
Thus, the venue’s nickname turns from “Water Cube” into “Ice Cube.”
Over the past six years, several research teams from Harbin Institute of Technology have been working together, adopting new structures, new materials, and technologies including big data and the Internet of Things.
The whole transformation process can be completed within 20 days.
Produced by Xinhua Global Service