Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ဖော်ပြောကြား

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ဖော်ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ နိုဝင်ဘာ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ပြောကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးအမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ အခြေအနေပိုမိုပြင်းထန်လာခြင်းမှရှောင်ကြဉ်ရန် ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117