Media
တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့တွင် အရှေ့တိုင်းငှက်ကျားဖြူများ သားပေါက်ရာသီ ရောက်ရှိ
ဟဲပေ၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ထန်ဆန်းမြို့၊ Caofeidian စိမ့်မြေအရပ်တွင် လက်ရှိကာလမှာ အရှေ့တိုင်းငှက်ကျားဖြူများ၏ သားပေါက်ရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ ငှက်မောင်နှံ ၄၀ ကျော်က ယင်းစိမ့်မြေအရပ်ရှိ သံမဏိတာဝါတိုင်များပေါ်၌ အသိုက်များဖွဲ့လျက် ၎င်းတို့၏ သားပေါက်လေးများကို ပြုစုပျိုးထောင်လျက်ရှိသည်။
တရုတ်နိုင်ငံတွင် ထိပ်တန်းအဆင့် ကာကွယ်စောင့်ရှောက်ထားသည့် မျိုးစိတ် တစ်မျိုးဖြစ်သော အရှေ့တိုင်းငှက်ကျားဖြူများကို အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးအန္တရာယ်ရှိစာရင်း၌ ထည့်သွင်းထားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Oriental white storks enter breeding season in N China’s Hebei
Recently, oriental white storks at the Caofeidian Wetland have entered their breeding season, with more than 40 pairs building nests and raising their young on the wetland’s iron towers.
The oriental white stork, a top-level protected species in China, is listed as endangered by the International Union for Conservation of Nature.
