Connect with us

Media

တရုတ်နိုင်ငံ ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်စက်ရုံရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးယူနစ်များ၏ထက်ဝက် စီးပွားဖြစ်လည်ပတ်လျက်ရှိ

ကူမင်း ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်စက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ယူနစ်အသစ်တစ်ခုအား ၇၂ နာရီကြာ စမ်းသပ်လည်ပတ်မှု အောင်မြင်ခဲ့ပြီး မကြာသေးမီက စီးပွားဖြစ်လည်ပတ်မှု စတင်ခဲ့ကြောင်း သိရသည်။

အမှတ် ၈ ယူနစ်၏ လည်ပတ်မှုသည် အဆိုပါ ရေအားလျှပ်စစ်စက်ရုံ၏ ဘယ်ဘက်ကမ်းပါးပေါ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးယူနစ်အားလုံးမှာ ယခုအခါ စီးပွားဖြစ်လည်ပတ်လျက်ရှိနေပြီဟု သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်စက်ရုံသည် ယန်ဇီမြစ်၏ အထက်ပိုင်း ကျင်းဆားမြစ်ပေါ်တွင် တည်ရှိပြီး ယူနန်ပြည်နယ်နှင့် စီချွမ်းပြည်နယ်အား ခွလျက်တည်ရှိနေကြောင်း သိရသည်။

ယင်းရေအားလျှပ်စစ်စက်ရုံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးယူနစ် ၁၆ ခု တပ်ဆင်ထားပြီး ယူနစ်တစ်ခုစီက ကီလိုဝပ် ၁ သန်း ထုတ်လုပ်နိုင်စွမ်း ရှိကာ ကမ္ဘာပေါ်ရှိ ယူနစ်တစ်ခုစီ၏ထုတ်လုပ်နိုင်စွမ်း အမြင့်မားဆုံးစက်ရုံလည်း ဖြစ်သည်။

အဆိုပါ ယူနစ်အားလုံးသည် နှစ်ကုန်ပိုင်းတွင် လည်ပတ်နိုင်မည် ဖြစ်ကာ ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်စက်ရုံသည် စုစုပေါင်းတပ်ဆင်စွမ်းရည်အရ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ ဖြစ်လာလိမ့်မည်ဟု သိရသည်။ (Xinhua)
……………………………………………

(English Version)

Half of power-generating units at China’s Baihetan hydropower station in commercial operation
A new power-generating unit of Baihetan hydropower station in southwest China passed a 72-hour trial operation and started commercial operation recently.

The operation of the No. 8 unit marks that all power-generating units on the left bank of the station are now in commercial operation.

The Baihetan hydropower station is located on the Jinsha River, the upper section of the Yangtze River. It straddles the provinces of Yunnan and Sichuan.

The hydropower station is equipped with 16 hydro-generating units, each with a capacity of 1 million kilowatts, the largest single-unit capacity in the world.

All units are due to be operational by the end of the year. Baihetan will then be the world’s second-largest hydropower station in terms of total installed capacity.

Xinhua News Agency correspondents reporting from Kunming, China.
(XHTV)