Connect with us

Media

တရုတ်ကယ်ဆယ်ရေးအဖွဲ့က တူရကီနိုင်ငံ၊ Hatay ပြည်နယ်၌ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေလျက်ရှိ

Hatay၊ တူရကီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

“အဖွဲ့ဝင် ၈၂ ယောက်ပါတဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၀ ရက်မနက်ဘက်မှာ တူရကီနိုင်ငံတောင်ပိုင်း Hatay ပြည်နယ်မှာ တည်ဆောက်ထားတဲ့ ယာယီတဲနေရာရှိ တရုတ်အလံနားမှာစုဝေးနေကြပြီး နိုင်ငံတော်သီချင်းကို သီဆိုခဲ့ပါတယ်။ ဒီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကတော့ သူတို့ရဲ့မစ်ရှင်သုံးရက်မြောက်နေ့မှာ အပျက်အစီးကြားထဲကနေ အသက်ရှင်နေတဲ့ လူတွေကိုအစွမ်းကုန်ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပါပြီ။”
တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် တူရကီကယ်ဆယ်ရေးသမားများနှင့်အတူ ဖေဖော်ဝါရီ ၉ ရက်တွင် တူရကီနိုင်ငံ Hatayပြည်နယ် ရှိ ပြိုကျနေသော အဆောက်အအုံအပျက်အစီးများမှ အမျိုးသမီးသုံးဦးကို ကယ်တင်နိုင်ခဲ့သည်။

Hatay ပြည်နယ်သည် တူရကီနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ငလျင်ဒဏ်အပြင်းထန်ဆုံးခံစားရသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။

အဖွဲ့ဝင် ၈၂ ဦးပါ တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်က တူရကီနိုင်ငံ သို့ရောက်ရှိခဲ့ပြီး အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် အချိန်နှင့်တပြေးညီ ရှာဖွေနေရကြောင်း သိရသည်။ (Xinhua)

…………………………………………………..
(English Version)
Chinese rescue team continues search for survivors in Hatay, Türkiye
“The team of 82 member gathered around the Chinese flag in the tent camp they set up in the southern province of Hatay and sang the national anthem on Friday morning. The crew was ready to perform with all their might to get people alive under the rubble on the third day of their mission.”
The Chinese rescue team together with Turkish rescuers saved three women from the ruins of collapsed buildings on Thursday in Hatay, Türkiye.
Hatay was one of the hardest-hit areas by the massive earthquakes that jolted Türkiye and neighboring Syria on Monday.
The 82-member Chinese rescue team that arrived in Türkiye on Wednesday is racing against time to search for signs of life among the wreckage.
Xinhua News Agency correspondents reporting from Hatay, Türkiye.