Connect with us

Media

ဘိုင်ဒန်က ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင်ကြေညာ

ဝါရှင်တန်ဒီစီ ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်တွင် နောက်ထပ်လေးနှစ်သက်တမ်းအတွက် ကြိုးပမ်းမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် သမ္မတရာထူးအတွက် ပြန်လည်ရွေးကောက်ခံမည် ဖြစ်ကြောင်း ဧပြီ ၂၅ ရက်တွင် တရားဝင်ကြေညာခဲ့ကြောင်း အွန်လိုင်းမဲဆွယ်စည်းရုံးရေးရုပ်သံဖိုင်တစ်ခုအရ သိရသည်။

အသက် ၈၀ အရွယ် ဘိုင်ဒန်က တွစ်တာစာမျက်နှာတွင် သုံးမိနစ်စာ မဲဆွယ်စည်းရုံးရေးပုံစံ ရုပ်သံဖိုင်တစ်ခုတွင် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့သော်လည်း အရေးနိမ့်ကြောင်း ဝန်ခံရန် ငြင်းဆန်ခဲ့သော ရီပက်ဘလစ်ကန်ပါတီဝင်တစ်ဦး ဖြစ်သူ အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကလည်း ၂၀၂၄ ခုနှစ် ရီပက်ဘလစ်ကန် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကြေညာထားသည်။

၂၀၂၄ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Biden officially announces 2024 U.S. presidential bid
U.S. President Joe Biden on Tuesday formally announced that he is running for re-election for the presidency in 2024, seeking another four years in the White House, according to an online campaign video.
Biden, 80, made the announcement in a three-minute campaign-style video posted on Twitter.

Former U.S. President Donald Trump, who lost to Biden in the 2020 election but has refused to concede, announced his candidacy for the 2024 Republican presidential nomination in November last year.
The 2024 U.S. presidential election is scheduled for Nov. 5, 2024.
Xinhua News Agency correspondents reporting from Washington D.C.(XHTV)