Connect with us

Media

ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) ကြေညာ

ဖနွမ်းပင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) သည် သတ္တမအကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရခဲ့ကြောင်း ကမ္ဘောဒီးယား အာဏာရပါတီ CPP ၏ ပြောရေးဆိုခွင့်ရှိသူ Sok Eysan က ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP)သည် ဆန္ဒမဲ ၈၀ ရာခိုင်နှုန်းဖြင့် လွှတ်တော်အမတ်နေရာ ၁၂၅ နေရာတွင် ၁၂၀ နေရာရရှိခဲ့ကြောင်း၊ ၎င်းမှာ CPP ပါတီ၏ ကြီးမားသော အောင်မြင်မှု နောက်တစ်ခုဖြစ်ပြီး CPP ပါတီခေါင်းဆောင်မှုအပေါ် ကမ္ဘောဒီးယားပြည်သူများ၏ ယုံကြည်မှု အစစ်အမှန်ကို ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း Sok Eysan က ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် ဦးရေ ၉.၇ သန်း ရှိပြီး ယခုအကြိမ်ရွေးကောက်ပွဲတွင် မဲပေးသူ ၈.၂၁ သန်းဖြင့် ၈၄.၅၈ ရာခိုင်နှုန်း ရှိကြောင်း ကမ္ဘောဒီးယား အမျိုးသားရွေးကောက်ပွဲကော်မတီ (NEC)၏ သတင်းများအရ သိရသည်။

ယခုအကြိမ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပခဲ့ရာ ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) ၊ Funcinpec ပါတီစသည့် နိုင်ငံရေးပါတီ ၁၈ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မဲရလဒ်များကို ဩဂုတ် ၉ ရက် တွင် ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မတီက တရားဝင်ကြေညာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………….
(Chinese Version)

柬埔寨人民党宣布在大选中获胜
新华社金边7月25日电(记者吴长伟)柬埔寨执政党人民党发言人索耶桑25日说,人民党在柬第七届国民议会选举中取得压倒性胜利。
索耶桑对记者表示,人民党获得80%的选票,赢得国会125个席位中的120个,这是人民党的又一次巨大胜利,真实体现了柬埔寨人民对人民党领导的信心。
据柬国家选举委员会消息,柬埔寨全国选民注册人数为970万,此次选举共有约821万人投票,投票率约84.58%。
此次国民议会选举投票于7月23日举行,共有柬埔寨人民党、奉辛比克党等18个政党参选。柬国家选举委员会将于8月9日公布正式计票结果。