Connect with us

Media

လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

ဗီယင်ကျန်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် လာအို၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အားကောင်းစေမည့်နည်းလမ်းများ ဆွေးနွေးရန်လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ဩဂုတ် ၂၂ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (LNCCI) ဥက္ကဋ္ဌ Oudet Souvannavong နှင့် တရုတ်-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် RCEP စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဥက္ကဋ္ဌ Xu Ningning တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း LNCCI မှ ဩဂုတ် ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဆွေးနွေးပွဲအတွင်း တက်ရောက်လာသူများက လာအိုနိုင်ငံတွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သွင်းကုန်နှင့် ပို့ကုန်၊ ပညာရေးစီမံကိန်းများ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲက လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားရေးချိတ်ဆက်မှုများကို အားကောင်းစေခဲ့ပြီး စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သလို ငွေကြေးကဏ္ဍ ပိုမိုအားကောင်းလာစေမည်ဟု Souvannavong က ဆိုသည်။

RCEP စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဥက္ကဋ္ဌ Xu Ningning ကလည်း အဆိုပါဆွေးနွေးပွဲသည် ရှိနှင့်ပြီးသား သဘောတူညီချက်များနှင့် ဒေသဆိုင်ရာ ပရိုတိုကော (protocol) များပေါ် အခြေခံ၍ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားရေးပိုမိုတိုးတက်မှုအတွက် အလားအလာများစွာရှိကြောင်း ပြောခဲ့သည်။ (Xinhua)

……………………………..
(English Version)
Laos, China to increase trade cooperation
VIENTIANE, Aug. 25 (Xinhua) — Lao businesses held talks with Chinese business operators in the Lao capital Vientiane, to discuss ways to strengthen their ties towards increasing trade and investment in Laos.
The meeting, which was held on Tuesday, was co-chaired by Lao President of the National Chamber of Commerce and Industry (LNCCI) Oudet Souvannavong, and Xu Ningning, executive director of the China-ASEAN Business Council and Chairman of RCEP Industry Cooperation Committee, according to a report released by LNCCI on Thursday.
During the meeting, participants discussed aspects of cooperation in trade, investment, imports and exports, and education projects in Laos.
Souvannavong said the meeting strengthened business links between Laos and China which would speed up the development of agriculture and make the sector financially stronger.
Xu said there is much potential for further economic development between Laos and China based on existing agreements and regional protocols.