Connect with us

Media

ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး(Belt & Road) ဆီမီးတစ်သောင်း ပူဇော်ပွဲနှင့် ဆွမ်းကပ်တရားတော်နာ ခံယူပွဲအခမ်းအနား ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်၌ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး (Belt & Road) ဆီမီးတစ်သောင်း ပူဇော်ပွဲနှင့် ဆွမ်းကပ်တရားတော်နာ ခံယူပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၃ ရက်တွင်ပြောသည်။

ဒေါ်အေးသဉ္ဇာသူက “Belt & Road ၁၀ နှစ်မြောက်မှာဆိုရင် နိုင်ငံအနှံ့အပြားမှာ ဒီဇင်ဘာလ ၁၅ ရက်က ငြိမ်းချမ်းရေး ဆီမီးထွန်းတဲ့နေ့ပေါ့။ ဆီမီးထွန်း၊ တရားနာ၊ ဆွမ်းကပ်ဆိုပြီး အခုပထမဦးဆုံး မြန်မာနိုင်ငံမှာ ကျင်းပတာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ Belt & Road ဥက္ကဋ္ဌကို မြန်မာနိုင်ငံမှာ ဆီမီးထွန်းဖို့ ဖိတ်ကြားထားပါတယ်။ အခုပွဲကတော့ Belt & Road ဥက္ကဋ္ဌကို မြန်မာနိုင်ငံမှာ ဖိတ်ပြီးတော့ ပထမဆုံး လုပ်တဲ့ပွဲပါ” ဟု ပြောသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး (Belt & Road) ဆီမီးတစ်သောင်း ပူဇော်ပွဲနှင့် ဆွမ်းကပ်တရားတော်နာ ခံယူပွဲအခမ်းအနားကို မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသည့်အားဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် သက်ဆိုင်သော နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်မှစတင်၍ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်တွင် ရွှေတိဂုံစေတီတော်တွင် ညနေ ၅ နာရီမှ စတင်ပြီး ဆီမီးတစ်သောင်းကို ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဆီမီးပူဇော်တဲ့အခါ မည်သူမဆို ပါဝင်လို့ရပါတယ်။ ဆီမီးပူဇော်တာကို ပါဝင်ကုသိုလ် ယူချင်သူတွေကတော့ ညနေ ၄ နာရီခွဲလောက် အရောက်လာခဲ့ပါ။ ဒီဇင်ဘာ ၁၆ ရက်၊ မနက် ၉ နာရီ ခွဲမှာတော့ ဆရာတော် ၁၁ ပါးပင့်ပြီး ဆွမ်းကပ်တရားတော်နားယူပွဲကျင်းပသွားမှာပါ ” ဟု ဒေါ်အေးသဉ္ဇာသူကပြောသည်။

အပြည်ပြည်ဆိုင်ရာ Belt & Road အဖွဲ့ကို နိုင်ငံပေါင်း ၁၅၄ နိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
“အခုဒီပွဲကို Belt & Road ဥက္ကဋ္ဌ Mr. Chen Entian က ဦးဆောင်ပြီး တက်ရောက်မှာပါ။ မြန်မာ့အစားအစာ မုန့်ဟင်းခါးကိုလည်း အပြည်ပြည်ဆိုင်ရာ Belt & Road ဥက္ကဋ္ဌက ၁၂ လပိုင်း ၁၆ ရက် အတွက် Belt & Road မြန်မာနိုင်ငံအတွက် အစားအစာဆိုပြီး ကမ္ဘာ့သိအောင် ဂုဏ်ပြုမှတ်တမ်းလွှာလေး ပေးအပ်ထားပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.