Connect with us

Media

တရုတ်နိုင်ငံ၏ Wing Loong မောင်းသူမဲ့လေယာဉ်က ကန်းစုငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွင် လျင်မြန်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေ

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက သီးခြားလွတ်လပ်စွာ တီထွင်ထုတ်လုပ်ထားသော Wing Loong-2H မောင်းသူမဲ့လေယာဉ်ကြီး (UAV) သည် နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက် ညသန်းခေါင်ယံက အင်အား ၆.၂ အဆင့်ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ရန် လျင်မြန်တက်ကြွစွာ ထွက်ခွာသွားခဲ့ကြောင်း ယင်းလေယာဉ်အား တီထွင်ထုတ်လုပ်သူက ဆိုသည်။

Wing Loong-2H အရပ်ဘက်သုံး UAV သည် အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်များ၏ တာဝန်ပေးမှုအရ ကယ်ဆယ်ရေးမစ်ရှင်များ ဆောင်ရွက်ရန် ငလျင်ဒဏ်သင့်နေရာများသို့ အလျင်အမြန်သွားရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်ရေးဖြစ်သော တရုတ် လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ပြောကြားခဲ့သည်။

အရေးပေါ်အထူးကယ်ဆယ်ရေး မောင်းသူမဲ့လေယာဉ် Wing Loong-2H သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျစ်ကုန်းမြို့ရှိ လေဆိပ်မှ ဒီဇင်ဘာ ၁၉ ရက် မွန်းတည့်ချိန်က ပျံသန်းထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မောင်းသူမဲ့လေယာဉ်ကြီးသည် အရေးပေါ်ဆက်သွယ်ရေးအထောက်အကူပစ္စည်းများ၊ ဘေးအန္တရာယ်စောင့်ကြည့်ရေးနှင့် ထိရောက်၍ အကျိုးရှိသော ကယ်ဆယ်ရေးအားဖြည့်နိုင်မည့် အခြားမစ်ရှင်များကို လေကြောင်းမှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်သည်။ ယင်း UAV နှင့်အတူ ဝေဟင်စောင့်ကြည့်ရေးနှင့် ဆက်သွယ်ရေးအသုံးပြုမှုဆိုင်ရာ ကုန်စည်များ သယ်ဆောင်သွားခဲ့သည်။ ၎င်းလေယာဉ်သည် သတ်မှတ်ထားသောဧရိယာသို့ ရောက်ရှိပြီးနောက် နေအိမ်များ၊ အခြေခံအဆောက်အဦနှင့် အခြားမြေပြင်ရှိ အဆောက်အအုံများ၏ အခြေအနေများကို စောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ပေးပို့ခဲ့သည်။

ထို့ပြင် အဆိုပါ UAV က ငလျင်ဒဏ်သင့်နေရာများမှ ရုပ်ပုံ၊ အသံနှင့် အချက်အလက်များကို ကယ်ဆယ်ရေးကွပ်ကဲမှုအာဏာပိုင်များထံ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးခဲ့ခြင်းကြောင့် ပိုမိုထိရောက်၍ တိကျသောနည်းလမ်းဖြင့် ကြီးကြပ်ကွပ်ကဲနိုင်ရန်နှင့် ကယ်ဆယ်ရေးသမားများကို ဖြန့်ကျက်တာဝန်ပေးရန် အထောက်အကူဖြစ်ခဲ့ကြောင်း AVIC က ဆိုသည်။

ကောင်းကင်ယံတွင် အချိန်ကြာမြင့်စွာ ပျံသန်းနိုင်စွမ်းရှိသော Wing Loong-2H သည် စတုရန်းကီလိုမီတာ ၅၀ ခန့်အကွာရှိ ဧရိယာကို လွှမ်းခြုံလျက် တည်ငြိမ်၍ ဆက်တိုက်အချက်ပြခြင်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ခိုင်မာမှုရှိစေရန် လေကြောင်းဆက်သွယ်ရေးအခြေစိုက်နေရာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်သော နေရာများရှိ ပြည်သူများနှင့် ကယ်ဆယ်ရေးအဖွဲ့များအတွက် အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ကယ်ဆယ်ရေး အသက်သွေးကြောအဖြစ်လည်း ကူညီပံ့ပိုးလျက်ရှိကြောင်း အဆိုပါ UAV ကို ထုတ်လုပ်သူက ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ Wing Loong အရပ်ဘက်သုံး ကြီးမားသော မောင်းသူမဲ့လေယာဉ်အုပ်စုဝင်တစ်ခုဖြစ်သော Wing Loong-2H ကို နိုင်ငံအတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေးစွမ်းဆောင်မှုများ အားကောင်းစေရေးအတွက် လိုအပ်ချက်များကို တာဝန်ယူဖြည့်ဆည်းနိုင်ရန် AVIC က တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။

ထိုလေယာဉ်သည် လေပြင်းတိုက်ခတ်နေစဉ်တွင်လည်း လုပ်ငန်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ် စောင့်ကြည့်ခြင်း၊ ဆက်သွယ်ရေး ပံ့ပိုးမှုနှင့် ထောက်ပံ့လွှဲပြောင်းမှုများကဲ့သို့ အရေးပေါ်ကယ်ဆယ်ရေးမစ်ရှင်များကိုလည်း ထမ်းဆောင်နိုင်စွမ်းရှိကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
China’s Wing Loong UAV swiftly joins Gansu earthquake rescue
BEIJING, Dec. 19 (Xinhua) — China’s independently-developed Wing Loong-2H large unmanned aerial vehicle (UAV) has swiftly rushed to support emergency rescue work after a 6.2-magnitude earthquake that jolted northwest China’s Gansu Province late Monday, according to its developer.
The Wing Loong-2H large civil UAV has rushed to the earthquake-hit areas to carry out rescue missions in response to the call of emergency management authorities, said the Aviation Industry Corporation of China (AVIC), the country’s leading planemaker.
The emergency rescue-specialized UAV model Wing Loong-2H took off at an airport in southwest China’s Zigong city at noon on Tuesday.
The large UAV will carry out airborne emergency communications support, disaster monitoring and other missions to sustain effective and efficient rescue.
It carried the payloads for aerial monitoring and communications use. After arriving at the scheduled areas, it monitored and sent the real-time information on the condition of houses, infrastructure and other ground facilities.
This large UAV provided rescue-command authorities with real-time information in the form of images, voice and data from the quake-hit areas, thus helping them to command and dispatch rescue workers in a more efficient and precise manner, said the AVIC.
With its capabilities of long endurance in the air, Wing Loong-2H serves as an airborne communications base to ensure communications services by providing stable and continuous signals covering an area of about 50 square km. Therefore, it provides an emergency-rescue lifeline for both people and rescue forces in disaster areas, according to the developer.
A member of China’s Wing Loong large civil UAV family, Wing Loong-2H has been developed by the AVIC to serve the country’s demands in strengthening emergency rescue capabilities.
It is capable of operating in strong winds, and can serve emergency relief and rescue missions such as disaster monitoring, communicatio