Connect with us

Media

“နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ် ရန်ကုန်တွင်ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ကြီးမှူး၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ခံကျင်းပသည့် “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) သို့ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ မှတ်စုစာအုပ်၊ LED မီး စသည့် အားကစားနှင့်စာရေးကိရိယာများ လှူဒါန်းခဲ့သည်။ တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်လာကတည်းက မြန်မာနိုင်ငံတွင် မူလတန်းနှင့် အထက်တန်းကျောင်းပေါင်း ၁၉ ကျောင်းနှင့် ဆေးရုံ ၂ ရုံ စသည့် ပြည်သူ့လူနေမှုဘဝအကျိုးပြုစီမံကိန်းပေါင်း ၂၀ ကျော် ကူညီတည်ဆောက်ပေးခဲ့ပြီး မေတ္တာဖြင့် လှူဒါန်းမှုများကြောင့် လူပေါင်းသိန်းချီပြီး အကျိုးခံစားရစေခဲ့သည်။ (Xinhua)