Connect with us

Media

မန္တလေးမဟာမုနိဘုရားကြီးရှိ ငါးကန်မှ ငါးများအား ဧရာဝတီမြစ်ထဲသို့ ဇီဝိတဒါန လွှတ်

မန္တလေး၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် တည်ရှိသော မဟာမုနိဘုရားကြီးရှိ ငါးကန်အတွင်းမှ ငါးများအား ဧရာဝတီမြစ်ထဲသို့ မကြာသေးမီရက်ပိုင်းက ဇီဝိတဒါန လွှတ်ခဲ့ကြောင်း မန္တလေးမဟာမုနိဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

မန္တလေးမဟာမုနိဘုရားကြီးရှိ ငါးကန်သည် ပေ ၁၀၀ ပတ်လည်၊ အနက် ၂၁ ပေခန့်ရှိပြီး လက်ရှိတွင် ငါးတန် အမျိုးအစား ငါးအကောင်ရေ တစ်သိန်းခွဲကျော် ရှိသည်။ အဆိုပါ ငါးကန်မှ ငါးအကောင်ရေ ခုနစ်သောင်းကျော်ကို ဧရာဝတီမြစ်ထဲသို့ ဇီဝိတဒါန လွှတ်ပေးခဲ့ပြီး ကျန်ငါး ခုနစ်သောင်းကျော်ကို မကြာမီ ထပ်မံ ဇီဝတဒါန လွှတ်မည်ဖြစ်သည်။
မန္တလေးမဟာမုနိဘုရားကြီး ငါးကန်မှ ငါးတန် အမျိုးအစား ငါးအားလုံး ဇီဝတဒါန လွှတ်ပြီးပါက ရောင်စုံ ငါးကန် ဖြစ်ပေါ်လာစေရေးအတွက် ရောင်စုံအလှမွေးငါး (ရောင်စုံ အလှမွေး ရွှေငါး၊ ရောင်စုံ အလှမွေး ငါးကြင်း)များ အစားထိုး ထည့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117