Connect with us

Media

ထန်းပင်များဖြင့် ပရိဘောဂ ပြုလုပ်

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ထန်းပင်ကို အီရတ်ပြည်သူများ၏ ဘဝတွင် ထင်ရှားသော ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုအဖြစ် ထိန်းသိမ်းထားခြင်းဖြစ်သည်။

ရိုးရာလက်မှုလုပ်ငန်းတွင် ယနေ့အထိ ထန်းလက်ဖြင့် ပြုလုပ်သော ကုလားထိုင်များ၊ စားပွဲများ၊ ကုတင်များနှင့် ငှက်လှောင်အိမ်များကဲ့သို့သော ပရိဘောဂ လက်မှုပညာများမှာ အီရတ်နိုင်ငံ၌ အလွန်တန်ဖိုးမြင့်မားသည်။
ဘဂ္ဂဒက်မြို့၊ Kadhimiya ရပ်ကွက်အလယ်တွင် Malhani ဈေးဟောင်း တည်ရှိပြီး အလုပ်ကြိုးစားလုပ်ကိုင်နေကြသည့် လက်မှုပညာရှင်များကို တွေ့မြင်နိုင်သည်။

ထန်းလက်ဖြင့် အိမ်သုံးပရိဘောဂများကို အဓိက ပြုလုပ်သည့်အလုပ်ရုံပိုင်ရှင် Abu al-Abbas က၎င်း၏ မိဘဘိုးဘွားများဆီမှ အမွေဆက်ခံပြီး ယခုလုပ်ငန်းကို နှစ်ပေါင်းများစွာကြာသည့်တိုင် လုပ်ကိုင်နေခြင်းဖြစ်သည်။
ထန်းလက်မှ ပရိဘောဂများ ပြုလုပ်ခြင်းသည် အီရတ်နိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် လုပ်ငန်းများထဲမှ တစ်ခုဟု ယူဆကြောင်း ၎င်းက ဆိုသည်။ (Xinhua)

…………………………………
(English Version)
Making furniture from palm trees
The date palm holds significant cultural importance in the lives of Iraqis.
Traditional industries that create furniture from date palms, such as chairs, tables, beds, and bird cages, are highly valued in Iraqi craftsmanship.
In the heart of Kadhimiya, a neighborhood in Baghdad, lies the old Malhani market where craftsmen can be found hard at work.
Abu al-Abbas, the owner of a workshop that specializes in crafting home furniture from palm leaves, shares that he has been in this profession for many years, having inherited it from his parents and grandparents.
He says that manufacturing furniture from palm leaves is considered one of Iraq’s ancient heritage industries.
Xinhua News Agency correspondents reporting from Baghdad. (XHTV)