Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြေပြိုမှုအတွင်း သေဆုံးသူအရေအတွက် ၁၁ ဦးထိ မြင့်တက်

ယူနန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တောင်ထူထပ်သောကျေးရွာတစ်ရွာ၌ ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်က ၁၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူများက ဇန်နဝါရီ ၂၃ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းမြေပြိုမှုသည် ဇန်နဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် Zhaotong မြို့ရှိ Liangshan ကျေးရွာ၌ ဖြစ်ပွားခဲ့ပြီး လူ ၄၇ ဦး ပျောက်ဆုံးနေခဲ့သည်။ ဇန်နဝါရီ ၂၂ ရက် ည ၁၀ နာရီအထိ လူ ၁၁ ဦးအား သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း ဒေသန္တရဘေးအန္တရာယ်ကယ်ဆယ်ရေးရုံးချုပ်ထံမှ သိရသည်။

ကယ်ဆယ်ရေးသမား ၁,၀၀၀ ကျော်က မြေပြိုမှု ဖြစ်ပွားရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေကြကြောင်း သိရသည်။ (Xinhua)

# ##Rescue #တရုတ်နိုင်ငံ #မြေပြိုမှု #ကယ်ဆယ်ရေး
………………………………
(English Version)
Death toll rises to 11 in southwest China landslide
The death toll from a landslide that struck a mountainous village in southwest China’s Yunnan Province on Monday has climbed to 11, local authorities said on early Tuesday morning.
The landslide occurred in Liangshan Village in the city of Zhaotong at about 6 a.m. on Monday, with 47 people reported missing. As of 10 p.m. Monday, 11 people were found dead, according to the local disaster relief headquarters.
More than 1,000 rescue workers are carrying out search and rescue work at the site.
Xinhua News Agency correspondents reporting from Zhenxiong, China.(XHTV)