Connect with us

Media

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသတွင် အင်အား ၇.၁ ရှိသော ငလျင်လှုပ်ခတ်

ဝူးလူမုချီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Aksu ပြည်နယ်ခွဲ၊ ဝူရှီးခရိုင်တွင် ဇန်နဝါရီ ၂၃ ရက် ပေကျင်းစံတော်ချိန် နံနက် ၂:၀၉ နာရီက အင်အား ၇.၁ ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။

အဆိုပါ ငလျင်သည် မြေအောက်အနက် ၂၂ ကီလိုမီတာကိုဗဟိုပြု၍ မြောက်လတ္တီကျု ၄၁.၂၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၇၈.၆၃ ဒီဂရီ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း CENC က ဆိုသည်။

ထို အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အဆင့် ၅.၃ ပမာဏအထိရှိသော နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း CENC ဖော်ပြချက်အရ သိရသည်။

ကနဦးသတင်းဖော်ပြချက်အရ ငလျင်ဗဟိုချက်မှာ တရုတ်နိုင်ငံနှင့်ကာဂျစ်စတန်နိုင်ငံကြား တောင်ထူထပ်သောနယ်စပ်ဧရိယာ ဝူရှီးခရိုင်ရှိ မြို့နယ်တစ်ခုတွင် တည်ရှိကြောင်း သိရသည်။
ငလျင်ဗဟိုချက်သည် ဝူရှီးခရိုင်မှ ကီလိုမီတာ ၅၀ ခန့်အကွာတွင်ဖြစ်ပြီး ငလျင်ဗဟိုချက် အချင်း ၂၀ ကီလိုမီတာအတွင်း၌ ကျေးရွာ ၅ ရွာ တည်ရှိကြောင်း ရှင်းကျန်းငလျင်ဌာနထံမှ သိရသည်။

ဇန်နဝါရီ ၂၃ ရက် နံနက် ၃ နာရီအချိန်အထိ ငလျင်ဗဟိုချက်အတွင်းရှိ လူနေအိမ် ၂ လုံးနှင့် မွေးမြူရေးခြံများ ပြိုကျခဲ့ကြောင်းနှင့် လူသေဆုံးမှုများမရှိကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ယင်းဒေသ၏ နေရာများ၌ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှု ကြုံတွေ့ခဲ့ရသော်လည်း ဖြည်းဖြည်းချင်း ပြန်လည်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကို ရှင်းကျန်းဒေသတစ်ခွင် ဝူးလူမုချီ၊ Hotan နှင့် ခါးစန်း မြို့များအပါအဝင် မြို့နှင့် ပြည်နယ်ခွဲများစွာတွင် ခံစားခဲ့ရကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပြီနောက် ဝူရှီးခရိုင် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့က လူ ၁၀ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ငလျင်ဗဟိုချက်ဧရိယာသို့ စေလွှတ်ခဲ့သည်။ Aksu ပြည်နယ်ခွဲရှိ မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ကလည်း လူဦးရေ ၆၀ ခန့် စုစည်းကာ ငလျင်ဗဟိုချက်နေရာသို့ ရောက်ရှိလာခဲ့သည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် မော်တော်ယာဉ် ၁၈၂ စီး၊ လူ ၈၀၀ နှင့် ခွေး ၃၂ ကောင်တို့အား အသင့်အနေအထား ပြင်ဆင်ထားရှိကြောင်း ရှင်းကျန်းဒေသ မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(English Version)
7.1-magnitude quake hits northwest China’s Xinjiang
URUMQI, Jan. 23 (Xinhua) — A 7.1-magnitude earthquake jolted Wushi County in Aksu Prefecture in northwest China’s Xinjiang Uygur Autonomous Region at 2:09 a.m. Tuesday (Beijing Time), according to the China Earthquake Networks Center (CENC).
The epicenter, with a depth of 22 km, was monitored at 41.26 degrees north latitude and 78.63 degrees east longitude, said the CENC.
The main quake was followed by a succession of aftershocks as strong as 5.3 in magnitude, according to the CENC.
Preliminary report indicates that the epicenter was situated in a township in Wushi County within the mountainous border area between China and Kyrgyzstan.
According to the Xinjiang Earthquake Agency, the epicenter is approximately 50 km from the county seat of Wushi, with five villages located within a 20-kilometer radius around the epicenter.
As of 3 a.m. Tuesday, two residential houses and livestock sheds collapsed in the epicenter, and no casualties had been reported. Parts of the area had experienced temporary disruption of electricity supply shortly after the quake. But the supply had been gradually restored.
The earthquake was also felt in various cities and prefectures across Xinjiang, including Urumqi, Hotan, and Kashgar.
Following the earthquake, the Wushi County fire and rescue brigade promptly dispatched an advance team of 10 people to the epicenter area. Also, the Aksu prefecture fire and rescue detachment mobilized 60 people to reach the epicenter.
A total of 182 vehicles, 800 people, and 32 dogs have been put on stand-by, ready for the disaster relief mission, according to the Xinjiang regional fire and rescue department.