Connect with us

Media

ဟန်ဂေရီနိုင်ငံ၏ သမ္မတသစ်အဖြစ် Tamas Sulyok စတင်တာဝန်ထမ်းဆောင်

ဘူဒါပတ်စ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ၏ သမ္မတသစ် Tamas Sulyok ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားအား ဟန်ဂေရီသမ္မတအိမ်တော် Sandor Palace ရှေ့တွင် မတ် ၁၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအား စစ်ရေးပြအလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် သမိုင်းဝင်အလံ လွှင့်ထူခြင်းများနှင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် စီတန်းလှည့်လည်ခဲ့ကြကြောင်း သိရသည်။

ဟန်ဂေရီနိုင်ငံ၏ ယခင်သမ္မတဟောင်း Katalin Novak သည် ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်းဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် မကောင်းသတင်း ပေါ်ပေါက်ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်က ရာထူးမှဆင်းခဲ့ရပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အကြီးအကဲဖြစ်သူ Tamas Sulyok ကို သမ္မတသစ်အဖြစ် လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Tamas Sulyok takes office as Hungary’s new president
The inauguration ceremony of Hungary’s new President Tamas Sulyok was held Sunday in front of the Sandor Palace, the Hungarian President’s residence.
The ceremony opened with a military salute, followed by a procession of historical flags and performances.
Hungarian lawmakers elected Sulyok, then head of the Constitutional Court, as the country’s new president on Feb. 26 after his predecessor Katalin Novak stepped down on Feb. 10 following a child abuse pardon scandal.
Xinhua News Agency correspondents reporting from Budapest.(XHTV)