Connect with us

Media

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် Shahbaz Sharif ကို ရွေးကောက်တင်မြှောက်

အစ္စလာမ်မာဘတ်၊ မတ် ၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ ၂၄ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် Pakistan Muslim League-Nawaz (PML-N) ပါတီဦးဆောင်သည့် မဟာမိတ် ပူးတွဲကိုယ်စားလှယ်လောင်း Shahbaz Sharif ကို မတ် ၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် သို့မဟုတ် အောက်လွှတ်တော်က ကျင်းပသော ဆန္ဒမဲပေးမှုတွင် ရွေးကောက် တင်မြှောက်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

PML-N ပါတီဥက္ကဋ္ဌ Sharif သည် မတ် ၃ ရက် ဆန္ဒမဲပေးမှုတွင် ဆန္ဒမဲ ၂၉၃ မဲအနက် ၂၀၁ မဲ ရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Sardar Ayaz Sadiq က ကြေညာခဲ့သည်။ (Xinhua)

…………………………
(English Version)
Shahbaz Sharif elected as Pakistan’s new PM
Shahbaz Sharif, the joint candidate of an alliance led by Pakistan Muslim League-Nawaz (PML-N), was elected as the 24th prime minister of Pakistan in a polling held by the National Assembly or lower house of the parliament on Sunday, said the speaker of the house.
Speaker of the National Assembly, Sardar Ayaz Sadiq announced that Sharif, president of PML-N, won the election by securing the lower house’s 201 votes out of the total 293 votes cast in Sunday’s polling.
Xinhua News Agency correspondents reporting from Islamabad.(XHTV)