Connect with us

Media

ပြင်းထန်ဆောင်းရာသီဒဏ်သင့် မွန်ဂိုလီးယားနိုင်ငံသို့ တရုတ်နိုင်ငံက အရေးပေါ်အကူအညီများ ပေးအပ်

ဦလန်ဘာတာ၊ မတ် ၅ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ၌ ပြင်းထန်သောဆောင်းရာသီကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် တရုတ်သံအမတ် Shen Minjuan က မွန်ဂိုလီးယားဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene ထံသို့ အကူအညီအနေဖြင့် ရန်ပုံငွေများနှင့် ကုန်ပစ္စည်းများအား ဦလန်ဘာတာမြို့၌ မတ် ၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

“နှစ်နိုင်ငံက ဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက်က အမြဲတမ်း ကူညီခဲ့ကြပါတယ်။ တရုတ်နိုင်ငံက မွန်ဂိုလီးယားနိုင်ငံကို အထောက်အပံ့နဲ့အကူအညီတွေ ပိုမိုပေးအပ်သွားဖို့ အသင့်ရှိပါတယ်”ဟု တရုတ်သံအမတ် Shen Minjuan က လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံသည် ယခုနှစ်ဆောင်းရာသီတွင် ဆီးနှင်းများဖုံးလွှမ်းကာ မြေပြင် အေးခဲနေခြင်းကြောင့် တိရစ္ဆာန်အများအပြား သေဆုံးခဲ့ရသော အအေးဓာတ်လွန်ကဲသည့် ဆောင်းရာသီကို ကြုံတွေ့ခံစားနေရကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China provides emergency aid to Mongolia hit by harsh winter
Chinese Ambassador Shen Minjuan handed over funds and goods in aid to Mongolian Prime Minister Luvsannamsrai Oyun-Erdene in Ulan Bator on Monday for fighting extreme wintry weather.
“Our two countries have always helped each other in the face of disasters. China is ready to provide more support and assistance to Mongolia,” Shen said at a handover ceremony in the State Palace of Mongolia.
This winter, Mongolia has been hit by a severe dzud, a Mongolian term to describe a severely cold winter when a large number of livestock die because the ground is frozen or covered by snow.
Xinhua News Agency correspondents reporting from Ulan Bator.(XHTV)