Connect with us

Media

စိန်ခေါ်မှုများကြားမှ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုက တိုးတက်မှုရှိသောလက္ခဏာများ ပြသနေ

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးပတ်ဝန်းကျင်တွင် စိန်ခေါ်မှုများ ရှိသော်လည်း တရုတ်နိုင်ငံက ပို့ကုန် ၊ သွင်းကုန် လုပ်ငန်းတို့၌ တိုးတက်မှုရှိသော လက္ခဏာများ တွေ့မြင်နေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဝမ်ဝန်ထောင်းက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် သွင်းကုန် ၊ ပို့ကုန်လုပ်ငန်းများအတွက် အရှိန်လျော့လေ့ရှိသည့်အချိန်အခါဖြစ်သော နွေဦးပွဲတော် ကာလအတွင်း ကုန်သွယ်ရေးဆောင်ရွက်မှုများ တိုးတက်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း ဝမ်က အမျိုးသား ဥပဒေပြုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှစတင်ကာ ကုန်သွယ်မှု ပြန်လည်ကောင်းမွန်လာခြင်းက မြင့်မားသော အခြေခံနှိုင်းယှဥ်ချက်ကြောင့် မတ်လတွင် ကျဆင်းသွားနိုင်ခြေရှိသော်လည်း ဆက်လက်ပြီးပြန်လည်ကောင်းမွန်လာမည်ဟု မျှော်မှန်းထားကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
Xinhua News | China’s foreign trade showing positive signs despite challenges: minister
China is seeing positive signs in exports and imports despite a challenging global trade environment, Commerce Minister Wang Wentao said Wednesday.
At a press conference held on the sidelines of the ongoing session of the national legislature, Wang said China has seen a boom in trade activities during the Spring Festival period, a traditional slack season for imports and exports.
Wang said the trade recovery starting September 2023 is expected to continue, despite a possible dip in March due to a high comparison base.#XinhuaNews