Connect with us

Media

လွမ်းမောဖွယ်ရာ သမိုင်းမှတ်တမ်းများဖြင့် ပြည့်နှက်နေသည့် ကေတုမတီ နေပြည်တော်

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ကေတုမတီ (တောင်ငူမြို့) အား မြန်မာသက္ကရာဇ် ၈၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့ ၂ ချက်တီးအချိန်တွင် (မဟာသီရိဇေယျသူရ) ဘွဲ့အမည်ခံ တောင်ငူဘုရင်မင်းကြီးညိုက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ဘုရင်မင်းကြီးညို နတ်ရွာစံခဲ့ပြီးနောက် သားတော် တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီးတို့က အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ ၎င်းမင်းများလက်ထက်တွင် ကေတုမတီ (တောင်ငူ) မင်းနေပြည်တော်မှာ ဘုန်းတန်ခိုးအာဏာကြီးထွား၍ တောင်ငူခေတ်သည် ဒုတိယမြန်မာနိုင်ငံတော် ထူထောင်နိုင်ခဲ့သော ခေတ်တစ်ခေတ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။ (Xinhua)