Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့၌ ယာဉ်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံး

ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့၌ စက်တင်ဘာ ၂ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကာ အခြား တစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တောင်ငူမြို့၊ တပင်ရွှေထီး ရပ်ကွက် ၊ ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်တိုင်(၁၆၉/၆)(၈၉)သစ်စက်ရှေ့၌ ပျဉ်းမနားမြို့၊ တောင်ကျ ဆင်စခန်းမှ ဖြူးမြို့နယ် ၊ ညောင်ပင်သာရှိ မှော်ယောကြီး ဆင်စခန်းသို့ဆင် နှစ်ကောင် အား ပို့ဆောင်ရန် မောင်းနှင်လာသည့်ယာဉ်သည် ခေတ္တရပ်ထားစဉ် လားရာတူ နောက်မှ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်က ဝင်ရောက် တိုက်မိခဲ့ကြောင်း ၊ ဆင်များ သယ်ဆောင်လာသည့် ယာဉ်မှာ လမ်းဘေးသို့ထိုးကျ တိမ်းမှောက်ခဲ့ပြီး ဆင်နှစ်ကောင်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးယာဉ် မောင်းနှင်သူ နှင့် ဆင်များ သယ်ဆောင်လာသည့် ယာဉ်တွင် လိုက်ပါလာသူ တို့မှာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း နှင့် အခြား တစ်ဦးမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်ထိုးကျ တိမ်းမှောက်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည့် ဆင်နှစ်ကောင်မှာ သဲဖြူ ကျေးရွာ အနီးတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ် နှင့် ပတ်သက်၍ မြို့သစ် နယ်မြေ ရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117