Connect with us

Media

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများစတင်

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက် (ယနေ့) မှ ဇွန်လ ၂ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မိဘများနှင့်အတူ ကျောင်းသား၊ကျောင်းသူများ လာရောက်ကျောင်းအပ်နှံကြသည်ကို တွေ့ရသည်။ “ကလေးက နှစ်ယောက်ဆိုတော့ ကျောင်းနှစ်ကျောင်းကို အပ်ရတာ ဖြစ်တဲ့အတွက် စောစောလေး ကျောင်းလာပြီးအပ်ဖြစ်ပါတယ်၊ နှစ်တိုင်းဒီလိုပဲ အပ်နေကျဆိုတော့ သူတို့တွေအတွက် ပီတိဖြစ်ပါတယ်၊ ကလေးတွေအတွက် ပိုပြီးတော့ ဂရုစိုက်ရတော့မှာပေါ့၊ အတန်းကပိုပြီးတော့ မြင့်လာပြီလေ၊ အရင်လို ကလေးတွေကို အချိန်အများကြီး လွတ်လွတ်လပ်လပ်ထားလို့ မရတော့ဘူးပေါ့၊ သူတို့ကို ပိုပြီးတော့ တင်းကြပ်ရမှာပေါ့”ဟု Greade 8 နှင့် Greade 10 ကျောင်းသား/ကျောင်းသူနှစ်ဦး၏ မိခင်ဖြစ်သူ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ဒေါ်အေးမြတ်သူက ဆင်ဟွာသို့ ပြောသည်။ လာမည့် ၂၀၂၄ ခုနှစ်၊ ဇွန် ၃ ရက် တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများ တစ်ပြိုင်တည်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.