Connect with us

Media

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဒုတိယနေ့ မီးပုံးပျံ လွှတ်တင်မှုများ

တောင်ကြီး၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဒုတိယနေ့ မီးပုံးပျံ လွှတ်တင်မှုများကို အောက်တိုဘာ ၃၀ ရက်တွင် ဆက်လက်ကျင်းပလျက်ရှိသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ ၂၅၈ လုံး၊ ညလွှတ် မီးပုံးပျံညမီးကြီး ၄၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၇လုံးဖြင့် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။(Reposted from Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117