ဘရပ်ဆဲလ်၊ မေ ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ စစ်ရေးကြိုးပမ်းမှုများအား ပံ့ပိုးသည့်အနေဖြင့် ထိန်းချုပ်ထားသည့် ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများမှ အမြတ်အစွန်းများအား အသုံးပြုရန် ဥရောပသမဂ္ဂ (EU)အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက သဘောတူကြကြောင်း EU ကောင်စီက ကြေညာခဲ့သည်။ (Xinhua) ………………………… (English Version) EU agrees...
ရှင်းကျန်း၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသရှိ ရှေးဟောင်းမြို့ ခါးစန်း၌ အမျိုးသမီးများက တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာဝတ်စုံများဖြင့် ကပြဖျော်ဖြေကြရာ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများကို ဆွဲဆောင်လျက် ရှိကြောင်း သိရသည်။ (Xinhua) ………………………… (English Version) Chinese...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် မေ ၂၂ ရက် (ယနေ့) သည် ဖွား၊ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ ဆိုသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်လည်းဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီး၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊...
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၄၁ ကြိမ်မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ (Xinhua)
မုံရွာ၊ မေ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရာသီပေါ် ထန်းသီးဆံများရောင်းဝယ်လျက်ရှိသည်ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)
အောင်လံ၊ မေ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဆံပင်အကျွတ်အပွများ ဝယ်ယူပြီး အရည်အသွေးမီပြန်လည်သန့်စင်သည့်လုပ်ငန်းကို လုပ်ကိုင်သူများလာပြီး သန့်စင်ပြီးသော ဆံပင်များအား ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ဆံပင်အကျွတ်အပွ စျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၄,၀၀၀ ကျော်ရှိပြီး လုပ်သားများနှင့်...
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် မေ ၂၁ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ စပါးနှင့်ငါး တွဲဖက်စီးပွားဖြစ်စိုက်ပျိုးမွေးမြူခြင်းမှတစ်ဆင့် မဲခေါင်မြစ်နိုင်ငံများအား တရုတ်တက္ကသိုလ် ကူညီပေး ၂။ အစ္စရေးနှင့်ဟားမက်စ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေ တောင်းဆို...
ဆစ်ဒနီ၊ မေ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘာ၏ ဆင့်ကဲဖြစ်စဉ်သမိုင်းတွင် အထူးခြားဆုံး နို့တိုက်သတ္တဝါများအနက် တစ်မျိုးဖြစ်သည့် ဘဲတူဖျံတူများ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဩစတေးလျပညာရှင်တစ်ဦးက သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua) ………………………. (English Version) Australian expert warns of looming extinction...
မနီလာ၊ မေ ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျူနာမီဂေးလ်ဇူဘရီက ရာထူးမှ နုတ်ထွက်ကြောင်း မေ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။ အထက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ဖရန့်စစ်အက်စ်ကူဒရိုက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua) ……………………….. (English Version) Philippine Senate President Zubiri...
နယ်သာလန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အပါအဝင် အစ္စရေး အစိုးရတာဝန်ရှိသူနှစ်ဦးနှင့် ဟားမက်စ်ခေါင်းဆောင် သုံးဦးအား ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) ရှေ့နေက မေ ၂၀ ရက်တွင် လျှောက်ထား လိုက်ကြောင်း ပြောကြားခဲ့သည်။ (Xinhua) ……………………….....