Connect with us

Media

မြန်မာနိုင်ငံ အောင်လံမြို့၌ ဆံပင်အကျွတ်အပွသန့်စင်သော တစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်ကိုင်သူများလာ

အောင်လံ၊ မေ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဆံပင်အကျွတ်အပွများ ဝယ်ယူပြီး အရည်အသွေးမီပြန်လည်သန့်စင်သည့်လုပ်ငန်းကို လုပ်ကိုင်သူများလာပြီး သန့်စင်ပြီးသော ဆံပင်များအား ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဆံပင်အကျွတ်အပွ စျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၄,၀၀၀ ကျော်ရှိပြီး လုပ်သားများနှင့် သတ်မှတ်အရည်အသွေးရရှိအောင် ပြန်လည်သန့်စင်ကြရကြောင်း၊ သန့်စင်ပြီးဆံပင်များကို တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများကို အများဆုံးတင်ပို့ကြကြောင်း သိရသည်။

သန့်စင်ပြီးဆံပင်စျေးကွက်တွင် ဆံပင်အသန့် ၈ လက်မမှ ၁၇ လက်မအထိ ၁ ကီလိုဂရမ်လျှင် ကျပ် ၃ သိန်းခွဲ၊ ၁၈ လက်မမှ ၂၀ လက်မအထိ ကျပ် ၆ သိန်းကျော်၊ ၂၀ လက်မမှ ၂၂ လက်မအထိ ကျပ် ၉သိန်းကျော် စသဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း ဆံပင်အကျွတ်အပွသန့်စင်သည့်လုပ်ငန်းများထံမှ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117