Videos
တရုတ်နိုင်ငံ၏ ပထမဆုံး နှစ်ထပ်ကြိုးတံတား ဖွင့်လှစ် အသုံးပြု
ကျန်းစု၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် Zhenjiang မြို့ရှိ ယန်ဇီမြစ်ပေါ်တွင် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏ ပထမဆုံးနှစ်ထပ်ကြိုးတံတားကြီး Wufengshan ကို ပြီးခဲ့သော သောကြာနေ့က စတင် ဖွင့်လှစ်အသုံးပြုခဲ့သည်။
၎င်း ရထားလမ်းကြိုးတံတား- လမ်းပိုင်းတစ်ခုလုံး၏ အရှည်မှာ ၆.၄ ကီလိုမီတာ ရှိပြီး ပင်မတံတားအရှည်မှာ ၁,၀၉၂ မီတာရှိ ကြောင်းသိရသည်။
တံတားအပေါ်ဘက်တွင် ၈ လမ်းသွား အမြန်ကားလမ်းကို ဖောက်လုပ်ထားပြီး အောက်ဘက်ခြမ်းတွင် မြန်နှုန်းမြင့်ရထားလမ်းကို ထည့်သွင်းတည်ဆောက်ထားသည်။ အပေါ်ဘက်ကားလမ်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ပြီး အောက်ဘက် ရထားလမ်းတွင် တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ နှုန်းဖြင့် အမြန်ဆုံး ပြေးဆွဲမောင်းနှင်ရန် ဒီဇိုင်းထုတ်ထားကြောင်းသိရသည်။
အဆိုပါ တံတားကြီးသည် ကျန်းစုပြည်နယ်ရှိ Lianyungang-Zhenjiang ရထားလမ်းပိုင်း၏ အဓိက အစိတ်အပိုင်းဖြစ်သည်။ တံတားဖွင့်လှစ်ရာတွင် ရထားလမ်းကိုလည်း တပြိုင်နက်ဖွင့်လှစ်ခဲ့ရာ ယခင်က အချိန် ၁၁ နာရီကြာသွားလာ ခဲ့ရသည့် ရှန်ဟိုင်းနှင့် Lianyungang ကြားခရီးကို ယခုအခါ အချိန် ၃ နာရီအတွင်း သွားလာနိုင် ကြောင်းသိရသည်။ (Xinhua)