Connect with us

Videos

ဖလော်ရင့် ဟာရီကိန်းမုန်တိုင်းက အမေရိကန်နိုင်ငံအရှေ့ကမ်းရိုးတန်းသို့ဝင်ရောက်တိုက်ခတ်

ဟို့စ်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဟာရီကိန်းမုန်တိုင်း ဖလော်ရင့် (Florence) သည် အမေရိကန်နိုင်ငံအရှေ့ကမ်းရိုးတန်းသို့ စက်တင်ဘာလ ၁၃ ရက်နေ့က စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ကြောက်မက်ဖွယ်လေပြင်းများ၊ မိုးသက်မုန်တိုင်းများ ဝင်ရောက်ပြီးနောက် လေယာဉ်ခရီးစဉ်ပေါင်း ထောင်နှင့်ချီကာ ဖျက်သိမ်းခဲ့ရသည်။ အနိမ့်ပိုင်းဒေသရှိ ပြည်သူများကလည်း ကယ်ဆယ်ရေးအဆောက်အအုံများထံ ပြောင်းရွှေ့ခဲ့ကြသည်။ ဟာရီကိန်းဝင်ရောက်ရာလမ်းတစ်လျှောက်ရှိ နျူကလီယားစွမ်းအင်သုံး လျှပ်စစ်စက်ရုံ ၂ ရုံကို လည်းပိတ်ထားခဲ့ရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.