Connect with us

Videos

“အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖြင့် ဖြင့် မြန်မာ မျက်စိ အတွင်းတိမ် လူနာများ အား အခမဲ့ ထပ်မံ ခွဲစိတ် ကုသ

ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

၂၀၁၉ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ၏ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနား အား သြဂုတ်လ ၃၀ ရက် တွင် ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ် လူနာ စုစုပေါင်း ၂၀၀ ဦး အား အခမဲ့ ခွဲစိတ် ကုသပေးသွားမည် ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနား တွင် သီတဂူ မျက်စိ ဆေးရုံများ ၏ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြအောင် က သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖြင့် ၂၅ ကြိမ် အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ် နိုင်ခဲ့ပြီး ဖြစ်သည့် အတွက် အထူး ကျေးဇူးတင်ရှိကြောင်း ၊ ယုံကြည်မှုချက် ၊ သီလ ၊ စွန့်ကျဲနိုင်သည့် စိတ်ဓာတ် နှင့် ပညာ များ တူညီချက်ရှိသောကြောင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်မိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က ယခု အကြိမ် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု က မြန်မာ နိုင်ငံ မျက်စိ အတွင်းတိမ် လူနာများအား အလင်းရောင် ပြန်လည် ရရှိရန် ကူညီဆောင်ပေးပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး အား ပိုမို နက်ရှိုင်းစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ယူနန် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး မစ္စ ကျင်ကျင်း (Ms.Jin Jing) က “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖြင့် တရုတ်-မြန်မာ ရိုးရာ ချစ်ကြည်ဆက်ဆံရေး အား ပိုမို ခိုင်မြဲအောင် ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ပိုမို နက်ရှိုင်းအောင် တက်ကြွစွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဝိသာခါ ဖောင်ဒေးရှင်း နာယက ဒေါက်တာ ဝင်းမင်းသစ် မှ မျက်စိ အခမဲ့ ခွဲစိတ်ကုသခြင်း နှင့် ပတ်သက်၍ ပူးပေါင်းပါဝင်လုပ်ဆောင်မှုများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ ပြီး ယခု ကဲ့သို့ မြန်မာ နိုင်ငံ ပြည်သူလူထု အလင်းရောင် ပြန်လည် ရရှိရေး အတွက် ကူညီဆောင်ရွက်ပေးသည့် အတွက် ဖောင်ဒေးရှင်း အနေဖြင့် အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ ၏ ဦးဆောင်ဆရာတော် အရှင်ခေမာ သီရိလင်္ကာရ လှူဒါန်းပေးမှု နှင့် ပတ်သက်၍ ကျေးဇူးတင် စကား ပြောကြား ခဲ့ပြီး အလှူငွေများ အား လက်ခံရယူ ပေးခဲ့သည်။

ယခု အကြိမ် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု အား တရုတ် နိုင်ငံ ယူနန် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း ၊ သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့က ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၃ ရက်နေ့ အထိ အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ နှင့် ပရဟိတ အဖွဲ့အစည်းပေါင်း ၁၀ ခုကျော် က မြန်မာ နိုင်ငံ တွင် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုပေါင်း ၃၀ ခန့် အား ဆောင်ရွက်နိုင်ခဲ့ပြီး လူနာပေါင်း ၆ ထောင်ကျော် အား အလင်းရောင် ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.