Connect with us

Videos

အသံထက်မြန်သောလေယာဉ်များအတွက် လေထုအတွင်း ပြင်းထန်သော အပူဒဏ်ကာကွယ်နိုင်မည့် နည်းစနစ်

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အသံထက်မြန်သောလေယာဉ်မောင်းနှင်ရာတွင် လေထုနှင့် လေယာဉ်ကိုယ်ထည်ပွတ်တိုက်မှု မှ အပူချိန်ပြင်းပြင်းဖြစ်ပေါ်မှုကိုကာကွယ်နိုင်သော နည်းစနစ်တစ်ခုဖြစ်သည့် ကိုယ်ထည်အား ဓာတုဆေးရည်တစ်မျိုး သုတ်လိမ်းနည်းစနစ်ကို China’s Central South University မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြသည်။ မီးလောင်နိုင်စွမ်းနှင့်အပူဓါတ်ခံမှုတို့ကို အမြင့်ဆုံးစမ်းသပ်ခဲ့ပြီးနောက် quaternary carbide ဒြပ်ပေါင်း တစ်မျိုးဖြင့် ပြုလုပ်ထားသည့် ဆေးရည်ဖြင့် လေယာဉ်ကိုယ်ထည်တွင် သုတ်လိမ်းပါက အပူစွမ်းအင်၂ဝဝဝ မှ ၃ဝဝဝ ဒီဂရီ ဆဲလ်စီးယပ်အထိ ခံနိုင်ရည်ရှိမည်ဖြစ်သည်။ တရုတ်သုတေသီများက ကာဗွန်ကုဗတုံးလေးများကို အပူချိန်အားအထူးခံနိုင်ရည်ရှိအောင် ပေါင်းစပ်တီထွင်ခြင်းဖြစ်သည်။ ထိုနည်းပညာအောင်မြင်ပါက အနာဂတ်တွင် အသံထက်မြန်သော လေယာဉ်ဖြင့် လူလိုက်ပါစီးနင်းကာ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့နှင့် တရုတ်နိုင်ငံပေကျင်းမြို့အကြား အချိန် ၂ နာရီခန့် ဖြင့် သွားလာနိုင်တော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.