Connect with us

Videos

တရုတ်-အလယ်အာရှ ဓာတ်ငွေ့ပိုက်လိုင်းမှ ယခုနှစ် ပထမနှစ်ဝက်တွင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၉ ဘီလီယံကျော် တင်ပို့

ရှင်းကျန်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-အလယ်အာရှ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၉ ဘီလီယံကျော် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ 

အဆိုပါ ပိုက်လိုင်းသည် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ နယ်စပ်မှ ပြေးဆွဲထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Khorgos မြို့ရှိ အနောက်မှ အရှေ့သို့ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ စုစုပေါင်း အရှည် ၁၈၃၃ ကီလိုမီတာရှိသော ယင်းပိုက်လိုင်းသည် လည်ပတ်နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်သည်။ ယင်းပိုက်လိုင်းအား တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၆၀ ထပ်ဆင့်ပို့လွှတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။ 

အဆိုပါ ပိုက်လိုင်းမှတစ်ဆင့် ယခုနှစ် ဇွန်လကုန်အထိ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃၁၆ ဘီလီယံ ပို့လွှတ်ခဲ့ပြီးဖြစ်ကာ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံများအပါအဝင် တရုတ်နိုင်ငံမှ ပြည်သူ သန်း ၅၀၀ ကျော်အတွက် အကျိုးပြုလျက်ရှိသည်။ 

သဘာဝဓာတ်ငွေ့ပို့လွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်ငွေ့ပိုက်လိုင်းကြီးများ၏ မြင်ကွင်းကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.