Connect with us

Videos

ကမ္ဘာ့ အရှည်ဆုံး နှစ်ထပ် ကြိုးတံတား ဖွင့်လှစ်

ဝူဟန့် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဟူပေပြည်နယ်၏ မြို့တော် ဝူဟန့်မြို့၌ ဖြတ်သန်း သွားလာ အသုံးပြုနိုင်ရန် ကမ္ဘာ့ အရှည်ဆုံး အထပ် နှစ်ထပ် ရှိသော ကြိုးတံတား တစ်စင်း တစ်စင်းအား အောက်တိုဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပထမဆုံး အထပ်နှစ်ထပ် ရှိသည့် လမ်းတံတားသည် ယန်ဇီမြစ် အပေါ်တွင် ဖြတ်သန်း တည်ဆောက်ထားပြီး ပင်မ တံတား၏ အရှည်မှာ ၁၇၀၀ မီတာ ရှိကာ စုစုပေါင်း အရှည်မှာ ၄ ဒသမ ၁၃ ကီလိုမီတာ ရှိကြောင်း သိရသည်။

၁၀ ခုမြောက် ယန်ဇီမြစ်ဖြတ်ကူး တံတား၏ အပေါ်ထပ်မှာ ခြောက်လမ်းသွား ပုံစံဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အမြန်နှုန်း သွားလာနိုင်ပြီး တံတား အောက်ထပ်မှာလည်း ခြောက်လမ်းသွား ပုံစံ ဖြစ်ကာ တစ်နာရီလျှင် ကီလိုမီတာ ၆၀ အမြန်နှုန်းဖြင့်သာ သွားလာနိုင်ကြောင်း သိရသည်။

တံတား အပေါ်ထပ်တွင် လမ်းဘေးလူသွားလမ်း နှစ်ခု ပါရှိသကဲ့သို့ တံတား အောက်ထပ်တွင် လမ်းဘေး လူသွားလမ်း နှစ်ခု နှင့် ဆိုင်ကယ် စီးနင်းရန် ယာဉ်ကြော နှစ်ခု ရှိကြောင်း သိရသည်။

အဆိုပါ တံတား အသစ်သည် ယာဉ်ကြော ပိတ်ဆို့မှုအား သက်သာစေရန် ကူညီပေးနိုင်လိမ့်မည် ဖြစ်ပြီး မြို့တော် စည်ပင်သာယာ ဖွံ့ဖြိုးမှုကို ပို၍ ဟန်ချက်ညီစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ဝူဟန့်မြို့ပြ ဆောက်လုပ်ရေး ရင်းနှီးမြှပ်နှံမှု နှင့် ဖွံ့ဖြိုးရေး အုပ်စု ကုမ္ပဏီ၏ ဒုတိယ ဉက္ကဋ္ဌ လင်းချေ(Lin Chi) က ပြောသည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.