Connect with us

Videos

အိုမင်းလာခြင်းနှင့် ကင်ဆာရောဂါတို့ကို ကုနိုင်တော့မည်လား

လန်ဒန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ယခင်က သတိမပြုမိခဲ့သည့် ဆဲလ်များ ကြီးထွားလာခြင်းရာမှ ထွက်လာသည့်ပရိုတင်းတစ်မျိုး ကို လန်ဒန်ရှိ Queen Mary တက္ကသိုလ်မှ ပထမဆုံးလေ့လာတွေ့ရှိ ခဲ့သည်။ Integrin beta 3 ပရိုတင်းသည် ဆဲလ်များ ကြီးထွားခြင်းနှင့် အိုမင်းခြင်း တို့နှင့် ဆက်စပ်မှုရှိကြောင်း ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။ သုတေသီများမှာ ထိုရှာဖွေတွေ့ရှိမှုမှတစ်ဆင့် အသက်အရွယ်ကြီးရင့်ခြင်းနှင့် ကင်ဆာ ရောဂါ ပထမအဆင့် တို့ကို ကုသနိုင်မည့် နည်းလမ်းသစ် ကို မကြာမီ တွေ့ရှိနိုင်ရန်မျှော်လင့်ထားကြသည်။

သုတေသနအဖွဲ့ခေါင်းဆောင် Dr. Ana O’ Loghlen က “ကျွန်မတို့ Integrin beta 3 ပရိုတင်း ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင်ကျွန်မ တို့ အဲဒီ ပရိုတင်းကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိ ၂ မျိုးရှိ ဆေးဝါး တစ်မျိုးကိုလည်းတွေ့ရှိထားပါတယ်။ ဒါပေမယ့် အဲဒီဆေးက ပရိုတင်းတစ်မျိုးထဲကိုပဲ ပုံမှန်ထုတ်လုပ်ပေးတဲ့အခါကျတော့ ပုံမှန်ဆဲလ်များအတွက် ဆိုးကျိုးရှိနေနိုင်လို့ပါ။ ကျွန်မတို့ ဟာ အဲဒီ ပရိုတင်း က ပုံမှန်ဆဲလ်တွေ အတွက် ဘယ်လို အကျိုးပြုမယ်ဆိုတာကို လေ့လာပြီး တဲ့နောက်မှာတော့ အသက်အရွယ်အိုမင်းခြင်း နဲ့ ကင်ဆာတို့အတွက် ကုထုံးတစ်ခု ထွက်လာလိမ့်မယ်လို့မျှော်လင့်ထားပါတယ်” ဟု ဆင်ဟွာကိုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.