Connect with us

Videos

စက်လှေခါးတွင်ခြေထောက်ညှပ်နေသူတစ်ဦးအားကယ်ဆယ်

ရှန်ကျန်း၊ မေ ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း မြို့ဖြစ်သည့် ရှန်ကျန်းတွင် မေလ ၂၅ ရက်နေ့က ဈေးဝယ်စင်တာတစ်ခု၏ စက်လှေခါး၌ ခြေထောက်ညပ်မိနေသည့် အသက် ၆ဝ အရွယ် အဖိုးအိုအား ဝိုင်းဝန်းကယ်ဆယ်ကြသည့် Video File တစ်ခု အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ရဲများက မိနစ် ၄ဝ အချိန်ယူကာ စက်လှေခါးအဖုံးကို ဖွင့်၍ ညပ်နေသည့် ခြေထောက်ကို ဝိုင်းဝန်းထုတ်ပေးခဲ့ကြသည်။ စက်လှေခါးပေါ်အတက်တွင် ခြေလှမ်းကျော်ကာ ပွင့်နေသည့် စက်လှေခါးအပေါက်ထဲသို့ခြေထောက်ဝင်သွားရာမှ ထိုသို့ ညပ်သွားခြင်းဖြစ်ပြီး ၎င်းခြေထောက်မှာ ကျိုးသွားကြောင်းသိရသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ပွားရသည်ကို စုံစမ်းဆဲဖြစ်သည်။ ထိုမတော်တဆမှုသည် တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် ၂ နှစ်က စက်လှေခါးမတော်တဆမှုဖြစ်ပွားပြီးနောက် ထပ်မံဖြစ်ပွားသည့်မတော်တဆမှုတစ်ခုဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.