Connect with us

Videos

တရုတ်နိုင်ငံက ကန်‌‌‌‌ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံတည်ဆောက်နေသည့် ကမ္ဘောဒီးယား နိုင်ငံ၏ ပထမဆုံးအမြန်လမ်း

ဖနွမ်းပင်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

ကမ္ဘောဒီးယားနိုင်ငံတွင်မိုးရာသီကုန်ဆုံးပြီးနောက် နိုင်ငံ၏ ပထမဆုံးအမြန်လမ်းစီမံကိန်းကို တရုတ်နှင့် ကမ္ဘောဒီးယား လုပ်သားများပူးပေါင်းကာ ဆက်လက်ဖောက်လုပ်လျက်ရှိသည်။ယင်းအမြန်လမ်းသည် ကမ္ဘောဒီးယား နိုင်ငံ ၏ မြို့တော် ဖနွမ်းပင် နှင့် နိုင်ငံ၏ အနောက်တောင်ဘက် ရေနက်ဆိပ်ကမ်းတည်ရှိရာ Preah Sihanouk ပြည်နယ်တို့အား ချိတ်ဆက်ပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းအတိုင်း ဖောက်လုပ်နေသည့် ယင်းအမြန်လမ်းသည် ၂ လမ်းသွား ၄လမ်းမောင်း စနစ်ဖြစ်ပြီး ၁၉၀ ကီလိုမီတာအရှည်ရှိသည်။ ဖောက်လုပ်ပြီးစီးသွားပါက ယခင်က အချိန် ၅ နာရီကြာသွားလာရသော ခရီးကို ၂ နာရီ အတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံတည်ဆောက်သော ထိုအမြန်လမ်းစီမံကိန်းသည် ကမ္ဘောဒီးယား နိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် ကျောရိုးအချက်အချာဖြစ်လာမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.