Connect with us

Videos

ကမ္ဘာ့ပထမဆုံး တစ်နာရီ ၃၅၀ ကီလိုမီတာ ပြေးဆွဲနိုင်သည့် မြန်နှုန်းမြင့် ကုန်တင်ကျည်ဆန်ရထား

ဟဲဖေ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စုဝင့်

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲဖေပြည်နယ် ထန်ဆန်း တွင် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ  ပြေးဆွဲနိုင်သည့် မြန်နှုန်းမြင့် ကုန်တင်ကျည်ဆန်ရထား တစ်စင်း မကြာသေးမီက စတင်ပြေးဆွဲခဲ့သည်။   တရုတ်ရထားထုတ်လုပ်ရေးလုပ်ငန်း CRRC Tangshan Co.,ltd., က ထုတ်လုပ်ခဲ့သည့် ၎င်းရထားသည် ကမ္ဘာ့ ပထမဆုံး  မြန်နှုန်း တစ်နာရီလျှင်  ၃၅၀ ကီလိုမီတာ ဖြင့် ပြေးဆွဲနိုင်သည့် ကုန်တင်ရထားဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။     
ရထားတွင် ကုန်ပစ္စည်း များ အတင်အချ လျှင်မြန်စွာပြုလုပ်နိုင်ရန် ၂.၉ မီတာ အကျယ်ရှိသည့် ကုန်သေတ္တာတင် တံခါးတစ်ခုတပ်ဆင်ထားပြီး ရထားအကျယ်အဝန်း၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကုန်သေတ္တာများတင်ဆောင်နိုင်ရန်
နေရာအလွတ်စီစဉ်ထားသည်။                                                                                                                           
 
၎င်းကျည်ဆန်ရထားကို မြန်နှုန်းခံနိုင်ရည်ရှိစေမည့်ဒီဇိုင်းထုတ်ထားပြီး တည်ဆောက်ရာတွင် big data များ cloud နည်းပညာများနှင့် technologies genetic algorithms နည်းပညာများကိုပါ ထည့်သွင်းတွက်ချက်  
တည်ဆောက်ဒီဇိုင်းဆွဲထားကြောင်း CRRC ကုမ္ပဏီ က ဆိုသည်။   (Xinhua)   

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.