Connect with us

Videos

၂၀၂၁ ခုနှစ်သည် ကုစားပေးသောနှစ် အဖြစ်ရောက်ရှိပါစေကြောင်း ကုလအကြီးအကဲဆုမွန်တောင်း

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃၀ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ၏ နှစ်သစ်ဆုတောင်း စကားပြောကြားသည့် ရုပ်သံဖိုင်တွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ၂၀၂၁ ခုနှစ်သည် ကုစားပေးသောနှစ် အဖြစ် ‌ရောက်ရှိစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် ထည့်သွင်း ပြောကြားခဲ့သည်။

ဂူတားရက်စ်က “မိမိတို့အတူတကွ သဘာဝ တရားကြီးနှင့် လိုက်လျောညီထွေစွာ ငြိမ်းချမ်းစွာ နေထိုင်ပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအားကိုင်တွယ်ဖြေရှင်းရန်၊ COVID-19 ပျံ့နှံ့မှုအား ထိန်းချုပ်ရန် နှင့် ၂၀၂၁ ခုနှစ်ကို အခက်အခဲများ ကုစားပေးနိုင်သည့် နှစ်တစ်နှစ် အဖြစ် ဝိုင်းဝန်း ဖန်တီးကြရန်” ပြောကြားခဲ့သည်။

ဇီဝိန်ချွေသည့်ဗိုင်းရပ်စ်အားကုစားရန်၊ ပျက်ဆီးသွားသည့် စီးပွားရေး နှင့် လူ့အသိုက်အဝန်းအား ကုစားရန်၊ အစိတ်စိတ်အမွှာမွှာ ကွဲကြေမှုများအားကုစားရန် ထို့နောက် ကမ္ဘာကြီးအား စတင်ကုစားကြရန် စသည်များကို မိမိတို့အားလုံး၏ ၂၀၂၁ ခုနှစ် သန္နိဋ္ဌာန် အဖြစ် သတ်မှတ်ရမည်သာဖြစ်ကြောင်းပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်သည် စမ်းသပ်မှုများ၊ထိတ်လန့်ဖွယ်ရာများနှင့် မျက်ရည်များစွာ ကျခဲ့ရသည့် နှစ် တစ်နှစ် ထက်မပိုခဲ့ပါကြောင်း ဂူတားရက်စ်က “COVID-19 သည် မိမိတို့အားလုံး၏ အသက်အိုးအိမ်စည်းစိမ်များအား ကမောက်ကမဖြစ်စေခဲ့သည့်အပြင် တစ်ကမ္ဘာလုံး ၌ လည်း ပူဆွေးဝမ်းနည်းမှု ဝေဒနာများ အတိ ပြီးစေခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း” ဆိုသည်။

ကပ်ရောဂါကြောင့် ချစ်ခင်မြတ်နိုးရသူများစွာအား ဆုံးရှုံးခဲ့ရသည့်အပြင် နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းရိုက်ခတ်မှုအသစ်များ ဖြစ်ပွားခဲ့ရကြောင်း ၎င်းကဆိုသည်။ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ဆာလောင်မွတ်သိပ်မှုများတရိပ်ရိပ်မြင့်တက်ခဲ့ကြောင်း၊ အလုပ်အကိုင်များ လည်း ဆုံးရှုံးလာကြပြီးနောက် ကြွေးမြီများလည်း မြင့်တက်လာလျက်ရှိကြောင်း၊ ကလေးများသည်လည်းရုန်းကန်နေကြရကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုများလည်းတိုးပွားလာပြီးနောက် နေရာအနှံ့၌ လုံခြုံမှုပင်မရှိတော့ပါကြောင်း ဂူတားရက်စ်က ပြောကြားခဲ့သည်။

အကောင်းဘက်က ကြည့်မည်ဆိုပါက နှစ်သစ်ကူးတော့မည်ဖြစ်သလို မိမိတို့အနေဖြင့် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီဖြစ်ပါကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။ပြည်သူများအနေဖြင့် အိမ်နီးချင်းနိုင်ငံများ နှင့် သူစိမ်းများအား ပိုမိုကူညီလာကြပြီး၊ ရှေ့တန်းမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကလည်း အလုံးစုံပေးဆပ်ကာ သိပ္ပံပညာရှင်များသည်လည်း ကာကွယ်ဆေးများကို အမြန်ဆုံးတီထွင်နေကြပြီ ဖြစ်သည်။ နိုင်ငံများအနေနှင့်လည်း ထိန့်လန့်ဖွယ်ကပ်ရောဂါ ဆိုးကြီးအား ကာကွယ်ရန်အလို့ငှာ ကတိကဝတ်အသစ်များကို လုပ်ဆောင်ခဲ့ကြကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မိမိတို့ စည်းလုံးညီညွတ်စွာ အတူတကွဆောင်ရွက်ပါက အဆိုပါ မျှော်လင့်ချက် ရောင်ခြည်အလင်းတန်းများမှာ တစ်ကမ္ဘာလုံးသို့ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းသည် အခက်ခဲဆုံးဖြစ်သည့်ယခုနှစ်၏ သင်ခန်းစာပင် ဖြစ်ကြောင်း ဂူတားရက်စ်က ဆိုသည်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းနှင့် COVID-19 ကပ်‌ရောဂါ အကြပ်အတည်းများကြား သာလွန်ကောင်းမွန်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ဆီသို့ အပြောင်းအလဲတစ်ခု၏အစိတ်အပိုင်းအဖြစ် မိမိတို့အားလုံးအတူတကွ ကျော်ဖြတ်ကြရန် သူကဆိုသည်။

၂၀၂၁ ခုနှစ်အတွက် ကုလသမဂ္ဂ ၏ အန္နိမ ရည်မှန်းချက် သည် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကာဘွန် ထုတ်လွှတ်မှု သုံည ရာခိုင်နှုန်းအထိရောက်ရှိစေရန် တစ်ကမ္ဘာလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး ထို ရည်မှန်းချက်အား အောင်မြင်စေရန် အစိုးရတိုင်း၊ မြို့တိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်းနှင့် လူသားတိုင်း ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် ကုလ အကြီးအကဲတစ်ယောက်အနေဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.