Connect with us

Videos

ရှင်းကျန်းဒေသတွင် လေဆိပ်သစ် ဖွင့်လှစ်တော့မည်

ဝူးလူမုချီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Yutian ကောင်တီသည် ဝေလံခေါင်ဖျားဒေသတစ်ခုဖြစ်သည်။

ထိုဒေသ၌ လာမည့် ဒီဇင်ဘာ ၂၆ ရက်တွင် လေဆိပ်သစ်တစ်ခု ဖွင့်လှစ်တော့မည်ဖြစ်သည်။

လေဆိပ်၏ လေယာဉ် စမ်းသပ်ပြေးဆွဲခြင်းကို ပြီးခဲ့သည့် တနင်္လာနေ့က ဆောင်ရွက်ပြီးစီးခဲ့သည်။

ရှင်းကျန်းဒေသတောင်ပိုင်း Hotan စီရင်စုရှိ Yutian ကောင်တီသည် ရှေးဟောင်းပိုးလမ်းမကြီး၏ အဓိက ဆုံမှတ်နေရာ တစ်ခုလည်းဖြစ်သည်။

ယခုဖွင့်လှစ်မည့်လေဆိပ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့သည်။

၎င်းလေဆိပ်တွင် ပြေးလမ်းအရှည် ၃၂၀၀ မီတာရှိပြီး လေဆိပ်ဧရိယာမှာ ၃၀၁၀ စတုရန်းမီတာ အကျယ်ရှိသည်။ထို့အပြင် လေကြောင်းထိန်းချုပ်ရေးအထောက်အပံ့ပစ္စည်းများအားလည်း တပ်ဆင်ထားရှိသည်။

၂၀၂၅ ခုနှစ်အထိ နှစ်စဉ် လေဆိပ်အသုံးပြုသူ ခရီးသည်ပေါင်း ၁၈၀,၀၀၀ နှင့် ကုန်တန်ချိန် ၄၀၀ ကျော် သယ်ယူပို့ဆောင်နိုင်ရန် ဒီဇိုင်းဆွဲထားကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်း (၂၀၂၁-၂၀၂၅) ၏ နှစ်လယ်ပိုင်းတွင် ရှင်းကျန်းဒေသ၌ လေဆိပ်ပေါင်း ၃၀ ကျော် တည်ဆောက်နိုင်ရန်မျှော်မှန်းထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.