Connect with us

Videos

Chang’e-5 အာကာသယာဉ် လမျက်နှာပြင်ပေါ်ရှိ နမူနာပစ္စည်းများ စုဆောင်းခြင်းလုပ်ငန်း ပြီးစီး(ရုပ်သံ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် /ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ၏ Chang’e-5 စူးစမ်းလေ့လာရေးယာဉ်သည် လမျက်နှာပြင်ပေါ်တွင် နမူနာပစ္စည်းများ စုဆောင်းခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယင်းနမူနာများကို အာကာသယာဉ်အတွင်း သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာနက ဒီဇင်ဘာ ၃ ရက်တွင် ကြေညာလိုက်သည်။

နိုဝင်ဘာ ၂၄ ရက်က လွှတ်တင်ခဲ့သော လမျက်နှာပြင် စူးစမ်းလေ့လာရေး အာကာသယာဉ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး ကမ္ဘာဂြိုဟ်ပြင်ပမှ အစိတ်အပိုင်း နမူနာများကို ပြန်လည်ယူဆောင်နိုင်ရေး တာဝန်နှင့်အတူ ဒီဇင်ဘာ ၁ ရက်က လမျက်နှာပြင်အနီးဆုံးဘက်ခြမ်းရှိ သမုဒ္ဒရာမုန်တိုင်းများဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပိုင်း နေရာပေါ်သို့ ရွေးချယ်ကာ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.