Connect with us

Videos

တရုတ်နိုင်ငံတွင်ကျင်းပခဲ့သည့်လမ်းကြမ်းမောင်းပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ်ယှဉ်ပြိုင်မှုများ

ပေကျင်း၊ အောက်တိုဘာ ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Tengger သဲကန္တာရတွင် လမ်းကြမ်းမောင်းပြိုင်ပွဲကိုကျင်းပခဲ့ရာ ယာဉ်ပေါင်း ၃ဝဝဝဝ ကျော် ကို ပြိုင်ကားမောင်းနှင်သူပေါင်း ၂ဝဝဝ နှင့် အခြားပြိုင်ပွဲဝင်ပေါင်း ၁၅ဝဝဝဝတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဂျစ်ကားများ၊ တိုရိုတာကားများ၊ လန်ရိုဗာကားများအပါအဝင် အပေါ့စားလေယာဉ်ပျံငယ်များနှင့် အခြား ယာဉ်ပေါင်းများစွာက ၁၃ ကြိမ်မြောက် FB-Life Alxa Hero ပွဲတော်တွင်ပါဝင်ဆင်နွှဲခဲ့ကြသည်။ FB-Life Alxa Heroပွဲကို အောက်တိုဘာလ ၁ ရက် မှ ၇ရက်အထိ တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ကျင်းပခြင်းဖြစ်ပြီးအဆိုပါပွဲတွင် လမ်းကြမ်းမောင်းပြိုင်ပွဲအပြင် အပေါ့စားလေယာဉ်ပျံငယ်များအား အလှပြမောင်းနှင်ခြင်း နှင့် ဂီတပွဲတော်များအပါအဝင် ပွဲအစီအစဉ် ၂၂ မျိုးအထိ ပါဝင်ခဲ့ကြောင်းသိရသည်။ ထိုပွဲကိုပြည်တွင်းပြည်ပ ဧည့်သည်ပေါင်းများစွာလာရောက်ကာ ဆင်နွှဲခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.