Connect with us

Videos

မြန်မာ-တရုတ် RMB ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ မိတ်ဆက် ဆွေးနွေး

ရန်ကုန် ၊ စက်တင်ဘာ ၂၆ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် RMB ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ မိတ်ဆက် ဆွေးနွေးပွဲအား 

ရန်ကုန်မြို့ အခြေစိုက် Industrial and Commercial Bank of China Limited (ICBC) နှင့် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်း၍ စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ICBC ၏ တာဝန်ရှိပုဂ္ဂိလ်များက မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား တရားဝင် ကုန်သွယ်မှု အတွက် တရုတ်ငွေ (ယွမ် – RMB) သုံးစွဲမှု ဆိုင်ရာ ဝန်ဆောင်မှုများ ၊ စည်းမျဉ်းစည်းကမ်း မူဝါဒများ ၊ Clients များ၏ လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က UMFCCI အနေဖြင့် ယခုပွဲကို စီစဉ်ရသည့် အဓိက ရည်ရွယ်ချက်တွင် မြန်မာနိုင်ငံ နှင့် အဓိက ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အကြားတွင် ကုန်သွယ်ရေး လုပ်ငန်းများ ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စနစ်တကျ တိုးချဲ့နိုင်ရေး အတွက် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့အခြေစိုက် Industrial and Commercial Bank of China Limited (ICBC) ၏ CEO မစ္စတာ He Bi Qing က ICBC ဘဏ်သည် အနာဂတ်တွင် ပထမဆုံး ဦးစားပေး ရွေးချယ်နိုင်သည့် နိုင်ငံခြားဘဏ်အဖြစ် ရှိနေမည် ဖြစ်ကာ ပြည်တွင်း ကုမ္ပဏီများ အတွက် ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှု အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပြီး မြန်မာလူမှု ပတ်ဝန်းကျင် အတွက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံရှိ မိတ်ဆွေများ နှင့် ပူးပေါင်းကာ မြန်မာ-တရုတ် ဆက်ဆံရေးကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ICBC ဘဏ် နှင့် UMFCCI တို့ပုံမှန် ထိတွေ့ဆွေးနွေးပြီး မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံ အကြားတွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာအောင် တတ်နိုင်သမျှ ကြိုးစားပြီး UMFCCI အသင်းဝင်များ၏ အကျိုးစီးပွား ရှိရန် အားပေး ကူညီပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.