Connect with us

Videos

တရုတ်နိုင်ငံထုတ် ဧရာမ ဥမင်တူးစက်ကြီးကို ဝင်ရိုးတပ်ဆင်

ရှန်းကျန်း၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်းကျန်းမြို့ တွင် အချင်းဝက် ၁၅.၈ မီတာ ရှိသည့် Chunfeng ဟု အမည်ရသည့် ဧရာမ ဥမင်တူးစက်ကြီးကို ဝင်ရိုးတပ်ဆင်ခဲ့ကြောင်းသိရသည်။ ၎င်း ဥမင်တူးစက်ကြီးကို ဝင်ရိုးတပ်ဆင်ရန် ကရိန်းကြီးနှစ်ခုကို အသုံးပြုကာ အလုပ်သမားများက ၇ နာရီခန့် အချိန်ယူတပ်ဆင်ခဲ့ရသည်။ ၎င်းစက်ကြီးမှာ အလေးချိန် အားဖြင့်၄၈ဝဝ တန်ရှိပြီး ရွှံ့စေးမြေတွင်လည်း ဥမင်တူးဖော်နိုင်သည့် အကြီးဆုံး ဥမင်တူးစက်ကြီးဖြစ်သည်။ Chunfeng ဥမင်တူးစက်ကြီးကို ယခင်နှစ် စက်တင်ဘာလက စတင်ထုတ်လုပ်ခဲ့ပြီး မြေသား၊ ကျောက်သား မည်သည့်အမျိုးအစားကိုမဆို စက်ဝိုင်းပုံ လှည့်ကာ ဥမင်လိုဏ်ခေါင်းဖောက်လုပ်နိုင်ပြီး China Railway Engineering Equipment Group Co.,Ltd (CREG) က ထုတ်လုပ်ထားခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.