Connect with us

Videos

တရုတ်နိုင်ငံက အယ်လ်ဂျီးရီးယား နိုင်ငံတွင် အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်ခဲ့

အယ်လ်ဂျီးယား ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွယ်တန်းမည့် အကြီးဆုံး အခြေခံအဆောက်အဦ စီမံကိန်းတစ်ခုဖြစ်သည့် အဝေးပြေးလမ်းမကြီး စီမံကိန်း ကို တရုတ် CSCEC က ဖောက်လုပ်ခဲ့ကြောင်းသိရသည်။ ၎င်းအဝေးပြေးလမ်းမကြီးမှာ မြောက်ပိုင်း မြေထဲပင်လယ် ကမ်းရိုးတန်းမှ စတင်ကာ ကီလိုမီတာ ၂ဝဝဝ ရှည်လျားပြီး ဆာဟာရ သဲကန္တာရ အခြမ်းသို့ ဦးတည်ဖောက်လုပ်ထားသည်။ ၅၃ ကီလိုမီတာရှိသည့် စီမံကိန်းအပိုင်းကို တရုတ်နိုင်ငံ CSCEC က ဖောက်လုပ်ခြင်းဖြစ်ပြီး Atlas တောင်တန်းများပေါ်တွင် ဖြတ်သန်း တည်ဆောက်ထားသည်။ စီမံကိန်းတွင် ဥမင်ပေါင်း၄.၈ ကီလိုမီတာ ရှိပြီး တံတားပေါင်း ၄ဝ စင်းပါဝင်ပြီး အများပြည်သူ အသုံးပြုရန် ဖွင့်လှစ်ထားပြီဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းသိရသည်။(Xinhua)