Connect with us

Videos

တရုတ်-မြန်မာ ရေနံပိုက်လိုင်းမှ ပထမ နှစ်ဝက်ကာလအတွင်း ရေနံတန်ချိန်ပေါင်း ၅ သန်း တင်သွင်းနိုင်ခဲ့

ကူမင်း၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

တရုတ် – မြန်မာ ရေနံ ပိုက်လိုင်းမှ တစ်ဆင့် ပထမ နှစ်ဝက်ကာလအတွင်း ရေနံစိမ်းတန်ချိန်ပေါင်း ၅ သန်း ကို တရုတ်နိုင်ငံက တင်သွင်းနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှိ ကူမင်း အကောက်ခွန်ရုံးမှ ကောက်ယူရရှိသည့် စာရင်းဇယားများအရ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ရရှိထားသည့် အကောက်ခွန် ဆိုင်ရာ စာရင်းဇယားများအရ ရေနံ တင်သွင်းမှု တန်ဖိုး ပမာဏမှာ ယွမ်ငွေ ၁၇.၂၇ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂.၅၁ ဘီလီယံ)ရှိပြီး ယခင်နှစ်ထက် ၉.၂ ရာခိုင်နှုန်းတိုးတက်လာကာ ပျှမ်းမျှ အားဖြင့် ရေနံစိမ်းတစ်တန်လျင် ၃၄၄၃.၈ ယွမ် ဈေးနှုန်းရှိသဖြင့် ယခင်နှစ်ထက် ၆.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံက တင်ပို့သည့် သဘာဝဓါတ်ငွေ့တန်ချိန်မှာ တန် ၁.၆၈ သန်း ( ၂.၅ ဘီလီယံကုဗမီတာနှင့် ညီမျှသည်) ရှိပြီး ရာခိုင်နှုန်းအားဖြင့် ယခင်နှစ် အလားတူကာလ ထက် ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကာ စုစုပေါင်း တန်ဖိုးမှာ ၅.၈၉ ဘီလီယံ ယွမ်ရှိသဖြင့် ယခင်နှစ် အလားတူ ကာလထက် ၁၁.၇ ရာခိုင်နှုန်းတိုးတက် လာခဲ့သည်။

သဘာဝဓါတ်ငွေ့ တင်သွင်း မှုမှာ တစ်တန်လျင် ပျမ်းမျှ တန်ဖိုး ၃၄၉၉.၂ ယွမ်ရှိပြီး နှစ်စဉ် ၁၄.၄ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။

အရှည်အားဖြင့် ၁၄၂ဝ ကီလိုမီတာ ရှိသည့် တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းမှ တရုတ်နိုင်ငံကို ၂ဝ၁၇ ခုနှစ်တွင် စတင် ကာ ရေနံစိမ်း တင်ပို့ခဲ့ပြီး တရုတ်-မြန်မာ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း ၏ ဋ္ဌာနခွဲ ဖြစ်သည့် တက်ဟုန်း ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ထုတ်လွှတ်ရေးဋ္ဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက ရေနံစိမ်းတန်ချိန်၁၉ သန်း ထက် ပိုမို တင်သွင်းနိုင်ခဲ့ပြီး တရုတ်မြန်မာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် သဘာဝဓါတ်ငွေ့တန်ချိန်ပေါင်း ၂ဝ ဘီလီယံ ကုဗမီတာ ထက်ပိုမို တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117