Connect with us

Videos

တရုတ်နိုင်ငံ က အင်ဒိုနီးရှားနိုင်ငံ၌ ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံတည်ဆောက်ရာတွင်ပူးပေါင်းကူညီ

ဂျာကာတာ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံကို နိုင်ငံ အနောက်ပိုင်း Bengkulu ပြည်နယ်တွင် တည်ဆောက်လျှက်ရှိရာ အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့်အတူ တရုတ်နိုင်ငံက ပူးပေါင်းကူညီ ဆောက်လုပ်ပေးခဲ့ ပြီး လက်ရှိတွင် စက်ရုံ၏ပထမအဆင့်မှာ အောင်မြင်စွာပြီးစီးခဲ့ပြီဟုသိရသည်။ စက်ရုံမှ လျှပ်စစ်စွမ်းအင် 2×100 မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ၎င်းမှာ လျှပ်စစ်ဓါတ်အား၁၅၀ ကီလိုဗို့ထ် ထုတ်လုပ်ပေးနိုင်သည့် ဓါတ်အားဖြန့်ဖြူးရေးလိုင်း၏ ထပ်ဆင့်ထုတ်လွှတ်ရေးစက်ရုံစီမံကိန်းတစ်ခုလည်းဖြစ်သည်။ ၎င်းစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်စွမ်းအင်များဖြင့် ဆူမားတြားကျွန်း ၏ လျှပ်စစ်လိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ အထူးစီးပွားရေးဇုံဖြစ်သည့် Baai Special Economic Zone ၏ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင်လည်း အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။ စက်ရုံကို ၂၀၂၀ တွင် စတင်လည်ပတ်စေမည်ဖြစ်ပြီး သက်တမ်းအားဖြင့် ၂၅ နှစ်ကြာ အသုံးပြုသွားမည်ဟုသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.