Connect with us

Videos

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သည့် ရထား စက်ခေါင်း နှင့် လူစီးတွဲသစ်များ မြန်မာ နိုင်ငံ သို့ ရောက်ရှိပြီး အစားထိုး ပြေးဆွဲမှုများ စတင်

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရထားပို့ဆောင်ရေးကဏ္ဍတွင် စက်ခေါင်းသစ် နှင့် လူစီးတွဲသစ်များ အစားထိုး တပ်ဆင် ပြေးဆွဲရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သည့် စက်ခေါင်းသစ်များနှင့် လူစီးတွဲသစ်များ မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ယခု လက်ရှိ အချိန်တွင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသော အမြန်ရထားများတွင် စတင် အစားထိုး ပြေးဆွဲနေပြီ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ယနေ့ဇန်နဝါရီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ချေးငွေဖြင့် အမေရိကန် ဒေါ်လာ ၉၄.၅၃ သန်းဖြင့် နှစ်စဉ် စက်ခေါင်းသစ် ၂၂ လုံး ထုတ်လုပ်မည့် စက်ရုံကို နေပြည်တော်တွင် လည်းကောင်း၊ နှစ်စဉ် လူစီးတွဲသစ် ၁၂၀ ထုတ်လုပ်မည့် စက်ရုံကို မြစ်ငယ်တွင် လည်းကောင်း ၊ ၂၀၁၅ ခုနှစ်မှ စတင် အကောင်အထည်ဖော် လျက်ရှိကြောင်း သိရသည်။

“နေပြည်တော်မှာ တည်ဆောက်တဲ့ ရထားခေါင်းတွဲ စက်ရုံနဲ့ပတ်သက်ပြီး စုစုပေါင်း စက်ခေါင်းတွဲ ၂၂ တွဲ တည်ဆောက်မှာ ဖြစ်ပြီး ၂၂ တွဲ အနက် ၇ ခေါင်းကို တရုတ်ပြည်တွင် မြန်မာ အင်ဂျင်နီယာများ အတွေ့အကြုံရအောင် တပ်ဆင်ပြီး ၇ ခေါင်းအနက် ခေါင်းတွဲ ၆ ခေါင်းသည် မြန်မာနိုင်ငံကို ရောက်ရှိပြီး ဖြစ်ပါတယ်။လူစီးတွဲနဲ့ပတ်သတ်ရင် မြစ်ငယ်မှာ တည်ဆောက်မည့် လူစီးတွဲ ၆၀ အနက် တရုတ်ပြည်ကနေပြီး လူစီးတွဲ ၃၉ တွဲ တည်ဆောက်ပြီး မြန်မာနိုင်ငံတွင် ၂၁ တွဲ တည်ဆောက်မည် ဖြစ်ပြီး ၃၉ တွဲအနက် ၂၈ တွဲသည် မြန်မာပြည် ရောက်ပြီး ယနေ့စတင် ပြေးဆွဲသည့် လူစီးတွဲသစ်များသည် ၂၈ တွဲထဲက ဖြစ်ပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.