Connect with us

Videos

တရုတ် အမေရိကန် ချစ်ကြည်ရင်းနှီးမှု၏ ပြယုဂ် ပန်ဒါ လေးများ

ဝါရှင်တန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ က ပို့ဆောင်ပေးခဲ့တဲ့ ပန်ဒါလေး ၂ကောင် သည် ဝါရှင်တန်ပြည်သူများနှင့် ပန်ဒါလေးများမှာ မိသားစုဝင်များသဖွယ်ရင်းနှီးကျွမ်းဝင်လျက်ရှိပြီဖြစ်ပြီး ၎င်းတို့ဟာ အလွန်နံမည်ကျော်ကြားလျက်ရှိပြီဖြစ်သည်။ ပန်ဒါလေး Bei Bei ကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ တွင် အမျိုးသား ဥယျာဉ် တွင်မွေးဖွားခဲ့သည်။ ၎င်းအား Bei Bei ဆိုသည့်အမည်ကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖျိန်လိယွမ်နှင့် အမေရိကန်သမ္မတဟောင်းကတော် မီရှဲလ်အိုဘားမားတို့က ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ သမ္မတရှီ၏ အမေရိကန်ခရီးစဉ်အတွင်း အမည်ပေးခဲ့ကြခြင်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် Bei Bei ၏ အမ ဖြစ်သူ Bao Bao အား ၎င်း၏ အမေရိကန် ပြည်တွင်းနေထိုင်မှု သက်တမ်း ၃ နှစ်ပြည့်ပြီဖြစ်သဖြင့် ဇာတိ တရုတ်ပြည်ချန်ဒူးသို့ပြန်လည်ပို့ဆောင် ခဲ့ပြီးဖြစ်သည်။ တရုတ် အမေရိကန် ချစ်ကြည်ရင်းနှီးမှု၏ ပြယုဂ်အဖြစ် ပန်ဒါလေးများပို့ဆောင်ခြင်းအစီအစဉ်ကို ၁၉၇၂ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ သမ္မတ နစ်ဆင် ၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ်ချစ်ကြည်ရေးခရီးစဉ် လာရောက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117