Connect with us

Videos

တောဝက်ဘောလုံးသမားများက အာဂျင်တီးနားနိုင်ငံ ရေဗာပလိတ်အသင်းသို့သွားရောက်လည်ပတ်

ဗျူနိုစ်အဲရစ် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိရာမှ လွတ်မြောက်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းခံခဲ့ရသော လူငယ် ထိုင်းဘောလုံးသမားများသည် အာဂျင်တီးနားနိုင်ငံ ရေဗာပလိတ်ဘောလုံးအသင်းသို့အောက်တိုဘာ ၇ ရက်တွင် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ထိုင်းလူငယ် ဘောလုံးသမားများသည် ရေဗာပလိတ်(River Plate) အသင်း၏ U-13 ဘောလုံးအသင်းနှင့်ခြေစမ်းပွဲ ကစားခွင့်ရခဲ့ကြောင်း သိရသည်။

တာဝက်အသင်းသားများဟု လူသိများသည့် ထိုင်းလူငယ်ဘောလုံးသမားများအား အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုစ်အဲရစ်မြို့၌ အထူးဧည့်သည်တော်များအဖြစ် ကြိုဆိုခဲ့ကြသည်။

ထိုင်းလူငယ်(တောဝက်ဘောလုံး) အသင်းမှ ဘောလုံးသမားများသည် အောက်တိုဘာ ၆ ရက် မှ ၁ဝ ရက်အထိ အာဂျင်တီးနားနိုင်ငံတွင် နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.