Connect with us

Videos

ပဉ္စမမျိုးဆက်သံလမ်းတစ်ခုတည်းသွားသံလိုက်ရထားကိုစမ်းသပ်ပြေးဆွဲမှုအောင်မြင်

ပေကျင်း၊ မေ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းရထားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် CRRC က ပဉ္စမမျိုးဆက်သံလမ်းတစ်ခုတည်းသွားသံလိုက်ရထားကိုမိတ်ဆက်ခဲ့သည်။ထိုရထားကို တရုတ်သုတေသီများက ဒီဇိုင်းထုတ်ကာ တရုတ်နိုင်ငံတွင်း၌ပင် တပ်ဆင်ထုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ တစ်နာရီလျင် ၁၆ဝ ကီလိုမီတာအမြန်နှုန်းဖြင့်ပြေးဆွဲသွားလာမည့် ထိုရထားကိုစမ်းသပ်ပြေးဆွဲခဲ့ရာအောင်မြင်မှုများရရှိခဲ့ပြီးဖြစ်သည်။လက်ရှိပြေးဆွဲနေသော သံလိုက်ရထားများနှင့်နှိုင်းယှဉ်ပါကယခုရထားမှာ စွမ်းအင်သုံးစွဲမှုလျော့နည်းကာ စွမ်းအင်ကုန်ကျမှှုပုံမှန်ထက် ၂ဝ ရာခိုင်နှုန်းအထိ သက်သာစေသည်။ ယခုပဉ္စမမျိုးဆက် သံလိုက်ရထားကို CRRC Tangshan ကုမ္ပဏီလီမိတက်နှင့် အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ် နှင့် တခြားအသက်မွေးဝမ်းကြောင်းပညာတက္ကသိုလ် နှစ်ခုတို့မှ ပညာရှင်များနှင့်ပူးပေါင်းကာ ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။CRRC Tangshan ကုမ္ပဏီလီမိတက် က ထုတ်လုပ်ခဲ့သည့် စတုတ္ထမျိုးဆက် သံလိုက်ရထားကို ပေကျင်းတွင်လက်ရှိပြေးဆွဲလျက်ရှိပြီဖြစ်သည်။ ယခုအသစ်ထုတ်လုပ်ထားသည့်ရထားမှာ တစ်နာရီလျင် ကီလိုမီတာ ၂ဝဝ အမြန်နှုန်းဖြင့်မောင်းနှင်နိုင်မည့် အဆင့်မြင့်သံလိုက်ရထားများပိုမိုဖွံ့ဖြိုးတိုးတက်ရန်လမ်းစသစ်တစ်ခုဖြစ်လာစေရန် သုတေသီများကမျှော်လင့်ထားကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.